အိန္ဒိယနှင့်ပါကစ္စတန် တင်းမာမှု ပြန်မြင့်တက်၊ နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ်ခတ်

အိန္ဒိယနှင့်ပါကစ္စတန် တင်းမာမှု ပြန်မြင့်တက်၊ နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ်ခတ်

မတ် ၃ ။        ။      အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေကတော့ မတ်လ ၂ ရက်မှာ အရှိန်ပြန်မြင့်လာခဲ့တယ်လို့ ဆိုပါတယ်။  အငြင်းပွားနေခဲ့တဲ့ ကက်ရှ်မီးယားနယ်စပ်မှာ နှစ်ဘက်စစ်တပ်တွေအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်လို့ လူအနည်းဆုံး ၇ ဦးလောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်က ပါကစ္စတန်တို့ ထိန်းသိမ်းထားခဲ့တဲ့ အိန္ဒိယ လေသူရဲ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နှစ်ဘက်အကြား ငြိမ်းချမ်းရေး သရုပ်သကန် ဆောင်တယ်လို့ ဆိုခဲ့ပေမယ့် ယခုလို တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါ နျူကလီးယားပိုင် ရန်ဘက်နှစ်နိုင်ငံကတော့ ယမန်နေ့က တစ်ဘက်နဲ့တစ်ဘက်အကြား လက်နက်ကြီးတွေ၊ အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်း ပစ်ခတ်မှုတွေကြောင့် ပါကစ္စတန်ဘက်က စစ်သားနှစ်ဦး၊ အရပ်သား နှစ်ဦး သေဆုံးသွားပြီး အိန္ဒိယဘက်ကတော့ အမျိုးသမီးတစ်ဦး၊ ကလေး နှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားဒေသမှာ  အိန္ဒိယစစ်ယာဉ်တန်းကို ပါကစ္စတန် အခြေစိုက် စစ်သွေးကြွအုပ်စုက အသေခံတိုက်ခိုက်လို့ အိန္ဒိယစစ်သား ၄၀ ကျဆုံးခဲ့ပြီးနောက်ပိုင်းကစလို့ လက်ရှိအချိန်ထိ နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly