မူးယစ်တိုက်ဖျက်ရေးအထောက်ကူပြုပစ္စည်းကိရိယာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပေးအပ်

မူးယစ်တိုက်ဖျက်ရေးအထောက်ကူပြုပစ္စည်းကိရိယာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပေးအပ်
ဓာတ်ပုံ- သူရ

မတ် ၁ ရက် ။       ။    မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေရေးပစ္စည်းကိရိယာ အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့(ဒီအီးဒီ) သို့ ပေးအပ်ခဲ့ကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်သည်။

ယနေ့ မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဗဟိုဌာနတွင် ယင်းပစ္စည်းကိရိယာ တရားဝင် လွှဲပြောင်းaပးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့သည်။

“ဒီပစ္စည်းကိရိယာလွှဲပြောင်းပေးအပ်မှုဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးရေး၊ နှိမ်နှင်းရေးနဲ့ ဆက်စပ်ပြီး အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဌာနရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ ရေရှည် မိတ်ဖက် လက်တွဲ ဆောင်ရွက်မှုကို အားပေးကူညီတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်” ဟု အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဌာန သံမှူးဘရောင်းက ပြောသည်။

မူးယစ်ဆေးဝါး တားဆီးရေး ကြိုးပမ်းဆောင်ရွက်မှု၊ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း မက်သာဖက်တမင်း ထုတ်လုပ်မှု လျင်မြန်စွာကြီးထွားလာစေသော မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း အဆက်မပြတ် ဝင်ရောက်နေမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန သံမှူး မိုက်ကယ်ဘရောင်းနှင့်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မျူး ရဲမှူးချုပ်ဝင်းနိုင်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းနဲ့ အင်ဒို-ပိစီဖိတ် ဒေသအတွင်း ယာဘဆေးပြားတွေနဲ့ ခရစ်တယ်မက်သ် (အိုက်စ်) တွေအဖြစ်နဲ့ မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူးနေမှု များပြားလာနေတာကို တိုက်ဖျက်နှိမ်နှင်းရာမှာ လိုအပ်တဲ့ကျွမ်းကျင်မှုအရည်အသွေးတွေ တိုးတက်လာစေရေးအတွက်လည်း ရဲတပ်ဖွဲ့ အေဂျင်စီတွေနဲ့ ဆက်လက်ပြီး အနီးကပ် လက်တွဲဆောင်ရွက်သွားမှာပါ” ဟု အမေရိကန်သံရုံးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနညွှန်ကြားရေးမှူး ဂရက်နာဒန်က ပြောသည်။

မူးယစ်ဆေးဝါး တားဆီးရေး ပူးပေါင်း ဆောင်ရွက်ခြင်း တစ်စိတ်တစ်ဒေသအဖြစ် ယင်းပစ္စည်းကိရိယာအသစ် အသုံးပြုခြင်းနှင့်လုပ်ငန်းခွင်အတွင်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် ရန်ကုန်မြို့ရှိ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ဒီအီးအေ) တို့ ပူးပေါင်းကျင်းပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly