တရားမဝင် ဝင်ရောက်လာသူ မြန်မာအလုပ်သမား ၁၇ ဦးကို ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး

တရားမဝင် ဝင်ရောက်လာသူ မြန်မာအလုပ်သမား ၁၇ ဦးကို ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး

ဘန်ကောက် မတ်လ ၁ ။          ။     နယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၇ ဦးအား တာ့(ခ်)ခရိုင် ဝမ်ကျောက်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးခဲ့သည်။

ထိုင်းလဝက နှင့် နယ်ခြားစောင့်တပ်မှ တရားမဝင်အလုပ်သမားများ သယ်ဆောင်လာသော ကားအား ရပ်တန့်စစ်ဆေးစဉ် နိုင်ငံကူးလက်မှတ်များ မပါသော မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၇ ဦးတို့အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၄င်းတို့အား ဝမ်ကျောက်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခံရခြင်းဖြစ်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမား အရေး အကူအညီပေးနေသော ကိုစောမောင်က မဇ္ဈိမသို့ ပြောသည်။

တရားမဝင် ဝင်ရောက်လာသူများကို စစ်ဆေးရာ ကားမောင်းသမား ထိုင်းလူမျိုး ကျက်တူရုန်(အသက် ၃ဝနှစ်) ဆိုသူက ဖုဖရဲမြို့နယ်ကနေ ပန်စန်ကစီကျေးရွာနှင့်ဖမ်ဖူးင်ဆိုတဲ့ ကျေးရွာများမှ တဆင့်ပြီးတဆင့် ပစ်ကပ်ကားအမဲရောင်နှင့်သယ်ဆောင်လာခြင်းဖြစ်ပြီး ဘန်ကောက်သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသော မြန်မာများ၏ပြောဆိုချက်အရ “ ပတ်စပို့ မလိုဘူး။ ဟိုရောက်မှ လိုအပ်တဲ့စာရွက်စာတမ်းတွေ လုပ်ပေးမယ်” ဆိုပြီး ပွဲစားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာရွှေ႕ပြောင်းအလုပ်သမားများကို ဘန်ကောက် ရှိ ပန်းရံဆိုက် ၊ ဆေးသုတ်လုပ်ငန်းနှင့် စက်ချုပ်ရုံများ တွင် အလုပ်အကိုင်ရမည်ဆိုကာ သွားရောက်ရန်အတွက် ပွဲစားများကို ဘတ်ငွေ ၁ သောင်းမှ ၁ သောင်းခွဲအထိ ပေးခဲ့ရကြောင်း သိရသည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly