ဆန်ရှင် ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့ပြီးနောက် အစည်းအဝေးအစီအစဉ်ကို ပြီးအောင် ဆက်မလုပ်ဘဲ အဆုံးသတ်ခဲ့ဟု ထရမ့် ပြောကြား

ဆန်ရှင် ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့ပြီးနောက် အစည်းအဝေးအစီအစဉ်ကို ပြီးအောင် ဆက်မလုပ်ဘဲ အဆုံးသတ်ခဲ့ဟု ထရမ့် ပြောကြား

ဖေဖော်ဝါရီ ၂၈ ။          ။      မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဗီယက်နမ်မှာ တွေ့ဆုံတဲ့ ထိပ်သီးအစည်းအဝေးကို မူလစီစဉ်ထားတဲ့ အစီအစဉ်အတိုင်း ပြီးစီးအောင် ဆက်မလုပ်ခဲ့ဘဲ အတိုချုံးပြီး လက်စဖြတ်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

ဒါဟာ ဆန်ရှင်ကိစ္စနဲ့ပတ်သက်လို့ နှစ်ဘက်အကြား သဘောတူညီချက် မရခဲ့လို့ဖြစ်တယ်လို့ ဆိုပါတယ်။

" သဘောတူညီချက် လက်မှတ်မထိုးခဲ့ရတာကတော့ မကောင်းပါဘူး၊ ကျွန်တော်တို့မှာ ရွေးချယ်စရာ နည်းလမ်းတစ်ချို့ ရှိခဲ့ပါတယ်၊ ဒီတစ်ကြိမ်မှာတော့ အဲဒီနည်းလမ်းတွေ မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ထရမ့်က ထိပ်သီးအစည်းအဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ကင်မ်နဲ့အကြား ဆွေးနွေးမှုတွေဟာ အရာရောက်ကြောင်း ထရမ့်က ပြောကြားနေဆဲဖြစ်ပါတယ်။

 "အခြေခံအားဖြင့်တော့ သူတို့က ဆန်ရှင်တွေ လုံးလုံးလျားလျား ဖယ်စေချင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဘက်က လုပ်မပေးနိုင်ခဲ့ပါဘူး" လို့ ထရမ့်က ပြောသွားပါတယ်။

ဒါကြောင့် မြောက်ကိုရီးယားအပေါ် ထားတဲ့ လက်ရှိ ဆန်ရှင်အားလုံး မူလအတိုင်း ဆက်ရှိနေဦးမယ်လို့ ၎င်းက အတည်ပြုသွားပါတယ်။ဒါ့အပြင် လောလောဆယ်မှာတော့ ကင်မ်နဲ့ နောက်တစ်ကြိမ် ထပ်တွေ့ဖို့ကိစ္စ စီစဉ်တာမျိုး  မရှိသေးဘူးလို့ ထရမ့်က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly