နျူကလီးယားဖျက်သိမ်းဖို့ အဆင်သင့်ပဲဟု ထရမ့်နဲ့ တွေ့စဉ် ကင်မ်ဂျုံအန်း ပြော

နျူကလီးယားဖျက်သိမ်းဖို့ အဆင်သင့်ပဲဟု ထရမ့်နဲ့ တွေ့စဉ် ကင်မ်ဂျုံအန်း ပြော

ဖေဖော်ဝါရီ ၂၈ ။          ။     နျူကလီးယားဖျက်သိမ်းရေးအတွက် အဆင်သင့်ပါပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဖေဖော်ဝါရီ ၂၇ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့စဉ် ပြောခဲ့တယ်လို့ သိရပါတယ်။

ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး လမ်းကြောင်းအတိုင်း လိုက်လုပ်ဖို့ သူ့ဘက်က ဘာမှ မပြင်ဆင်သေးရဘူးဆိုရင် ခုလို ထရမ့်နဲ့ ဗီယက်နမ်မှာ လာတွေ့မှာ မဟုတ်ဘူးဆိုပြီး ကင်မ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

" ကျွန်တော် မပြင်ဆင်ရသေးဘူးဆိုရင် ကျွန်တော် ဒီမှာ ရှိနေမှာမဟုတ်ဘူးလေ" ဆိုပြီး ကင်မ်က သတင်းထောက်တစ်ဦးကို ပြောခဲ့ပါတယ်။

ယင်း စကားကလည်း ကြားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး အဖြေတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း ထရမ့်က ပြောသွားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာတော့အဆိုပါ ခေါင်းဆောင်နှစ်ဦး ဗီယက်နမ်မှာ ထပ်မံတွေ့ဆုံဆွေးနွေးနေလျက် ရှိပါတယ်။

ခုလို မြောက်ကိုရီးယားနဲ့အကြား နျူဖျက်သိမ်းရေး ဆွေးနွေးနေပေမယ့် ဒါနဲ့ပတ်သက်လို့ သူ့ဘက်က အလျင်မလိုပါဘူးလို့လည်း ထရမ့်က ပြောပါတယ်။ ကာလရှည်စောင့်ဆိုင်းပြီးမှ လိုချင်တဲ့ ရလဒ်တွေ ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ကြီးကျယ်ပြီး အဆုံးစွန် ကောင်းမွန်တဲ့ ရလဒ်တွေ ရအောင် ကြိုးစားသွားမယ်လို့ ကင်မ်က ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ပြုံယမ်းမှာ အမေရိကန်ရဲ့ ဆက်ဆံရေးရုံး လာဖွင့်မယ်ဆိုရင် သူ့အနေနဲ့ ကြိုဆိုသွားမှာဖြစ်ကြောင်း ကင်မ်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly