ပါကစ္စတန်စစ်လေယာဉ်တစ်စင်းကို မိမိတို့ပစ်ချခဲ့ဟု အိန္ဒိယထုတ်ပြန်

ပါကစ္စတန်စစ်လေယာဉ်တစ်စင်းကို မိမိတို့ပစ်ချခဲ့ဟု အိန္ဒိယထုတ်ပြန်

ဖေဖော်ဝါရီ ၂၇ ။        ။       ပါကစ္စတန် တိုက်လေယာဉ်တစ်စင်းကို အိန္ဒိယတပ်ဖွဲ့တွေ ပစ်ချခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ခဲ့တဲ့ ဝေဟင်တိုက်ပွဲတွေအတွင်း မိမိတို့ လေယာဉ်တွေအနက် တစ်စင်းကို ဆုံးရှုံးလိုက်ရကြောင်း ၎င်းက ဆိုပါတယ်။

အိန္ဒိယဘက်ခြမ်းက စစ်စခန်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ပါကစ္စတန် တိုက်လေယာဉ်တစ်စင်း ထိမှန်ကျသွားခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Rajeesh Kumar က ပြောပါတယ်။

" ကျွန်တော်တို့ပစ်ချခဲ့လို့ ပါကစ္စတန် လေယာဉ်တစ်စင်းလည်း သူတို့နိုင်ငံဘက်ခြမ်းမှာ အောက်ကို ထိုးကျသွားတာကို တပ်ဖွဲ့ဝင်တွေ မြင်ခဲ့ရပါတယ်" လို့ ၎င်းက ဆိုပါတယ်။

" ဒီ ထိပ်တိုက်တွေ့မှုမှာ ကျွန်တော်တို့ဘက်က Mig-12 တစ်စင်းကို ဆုံးရှုံးလိုက်ရပါတယ်၊ ပိုင်းလော့လည်း ပျောက်နေပါတယ်၊ သူ့ကို ထိန်းသိမ်းထားတယ်လို့ ပါကစ္စတန်ဘက်က ပြောပါတယ်" ဆိုပြီး ၎င်းက ဖြည့်စွက်ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly