အိန္ဒိယနဲ့အကြား တင်းမာမှု ပိုမြင့်တက်လာစဉ် ပါကစ္စတန်က ယင်းရဲ့ လေပိုင်နက်ကို ပိတ်ထား

အိန္ဒိယနဲ့အကြား တင်းမာမှု ပိုမြင့်တက်လာစဉ် ပါကစ္စတန်က ယင်းရဲ့ လေပိုင်နက်ကို ပိတ်ထား

ဖေဖော်ဝါရီ ၂၇ ။        ။      နိုင်ငံရဲ့ လေပိုင်နက်ကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ပါကစ္စတန်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ စစ်တပ်တို့က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ နျူကလီးယားပိုင် အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား ပဋိပက္ခစစ်ဖြစ်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပြီ ဖြစ်ပါတယ်။

ယခုကစလို့ နိုင်ငံရဲ့ လေပိုင်နက်ကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ပါကစ္စတန် အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ CAA က ထုတ်ပြန်ပါတယ်။

အခြေအနေအရ ယခုဆုံးဖြတ်ချက်ကို ချရခြင်းဖြစ်ကြောင်း စစ်တပ်က ပြောပါတယ်။

နောက်ထပ် ကြေညာချက် မထွက်မချင်း လေကြောင်းလိုင်းအားလုံးကို ပါကစ္စတန်နိုင်ငံတွင်း ပျံသန်းမှုတွေ ဆိုင်းငံ့ထားဖို့ အသိပေးထားကြောင်း CAA သတင်းရင်းမြစ်တစ်ဦးကို AFP ကို ပြောသွားပါတယ်။

အစောပိုင်းတုန်းက ယင်းရဲ့ လေပိုင်နက်ထဲ ဝင်လာတဲ့ အိန္ဒိယ လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန်က ထုတ်ပြန်ပြီး ယခုဆုံးဖြတ်ချက် ထွက်ရှိလာတာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly