လွှတ်တော်အနီး ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် တစ်လ ချမှတ်

လွှတ်တော်အနီး ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် တစ်လ ချမှတ်

ကန့်သတ်နယ်မြေအဖြစ် အစိုးရက သတ်မှတ်ထားသည့် နေပြည်တော်၊ လွှတ်တော်အဆောက်အဦအနီးတွင် ဒရုန်း(Drone) ပျံသန်းစဉ် ဖမ်းဆီးခံထားရသည့် ပြင်သစ်နိုင်ငံသားကို ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဥတ္တရ သီရိမြို့နယ်တရားရုံးက စွဲချက်တင်ပြီးနောက် အလုပ်နှင့် ထောင်ဒဏ် တစ်လ ကျခံစေရန် ဖေဖော်ဝါရီ ၂ရရက် (ယနေ့)က အမိန့်ချမှတ်လိုက်သည်။

 အဆိုပါဖြစ်စဉ်အတွက် တရားလိုအပါအဝင် လိုပြသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး ပြင်သစ်နိုင်ငံသား ကိုင်ဆောင်သည့် ဒရုန်းသည် အစိုးရက ခွင့်မပြုထားသည့် ကုန်ပစ္စည်းဖြစ်သောကြောင့် တရားမဝင် ကိုင်ဆောင်အသုံးပြုကြောင်း ပြစ်မှုထင်ရှားသဖြင့် ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 ပြင်သစ်နိုင်ငံသား Mr. Arthur Desclaux သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ ဇန်နဝါရီ ၃ဝရက်က စက်ဘီး စီးနင်း၍ ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ရရက်တွင် နေပြည်တော်သို့ ရောက်ရောက်ချင်း ဒရုန်းလွှတ်တင်စဉ် အဖမ်းခံခဲ့ရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly