အိန္ဒိယ လေယာဉ် ၂ စင်းကို ပါကစ္စတန်စစ်တပ်က ပစ်ချ

အိန္ဒိယ လေယာဉ် ၂ စင်းကို ပါကစ္စတန်စစ်တပ်က ပစ်ချ

ဖေဖော်ဝါရီ ၂၇။          ။       ဖေဖော်ဝါရီ ၂၇ ရက်က ကက်ရှ်မီးယားဒေသရှိ မိမိတို့ နိုင်ငံ လေပိုင်နက်ထဲ ရောက်လာတဲ့ အိန္ဒိယ လေတပ် လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန် စစ်တပ် ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

ယင်းအပြင် အိန္ဒိယ ပိုင်းလော့တစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

" ပါကစ္စတန် လေပိုင်နက်ထဲမှာ အိန္ဒိယ လေယာဉ်နှစ်စင်းကို ပစ်ချခဲ့တာပါ" လို့ ပါကစ္စတန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်  အေဆစ်ဖ် ဂါဖိုးက ပြောပါတယ်။

ကက်ရှ်မီးယားဒေသရှိ ပါကစ္စတန်တို့ ထိန်းချုပ်ထားတဲ့ ဘက်ခြမ်းမှာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး နောက်တစ်စင်းက အိန္ဒိယဘက်ခြမ်းမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက ပါကစ္စတန် တိုက်လေယာဉ်တွေ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဘက်ကို ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly