အီတလီဝန်ကြီးချုပ်နှင့် ဗြိတိန် ဝန်ကြီးချုပ်တို့ ဘိလိယက် စိန်ခေါ်ပွဲတစ်ပွဲ အပြိုင်နွှဲ

အီတလီဝန်ကြီးချုပ်နှင့် ဗြိတိန် ဝန်ကြီးချုပ်တို့ ဘိလိယက် စိန်ခေါ်ပွဲတစ်ပွဲ အပြိုင်နွှဲ

ဖေဖော်ဝါရီ ၂၆ ။            ။      အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီနဲ့ ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က အီဂျစ်မှာ ဘိလိယက် ကစားပွဲတစ်ခု အတူတကွ ကစားခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းနေ့က အီဂျစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဥရောပသမဂ္ဂ- အာရတ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးရဲ့ ဘေးပန်းပြင်ပမှာ ယခုလို အီတလီနဲ့ ဗြိတိန် ခေါင်းဆောင်နှစ်ဦး အတူတကွ ဘိလိယက်ထိုး ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ ချစ်ကြည်ရေး ဘိလိယက် စိန်ခေါ်ပွဲကိုတော့ အီတလီဝန်ကြီးချုပ်က ဗြိတိန်ဝန်ကြီးချုပ်ကို ယှဉ်ပြိုင်ဖို့ စတင်စိန်ခေါ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦး ဘိလိယက် ထိုးနေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို အီတလီ ဝန်ကြီးချုပ်က ၎င်းရဲ့ တွစ်တာကနေတဆင့် ပြန်လည် ဝေမျှခဲ့တာဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု Brexit နဲ့ပတ်သက်လို့ deadline ကလည်း တစ်ဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ယင်းကိစ္စနဲ့ပတ်သက်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအနေနဲ့ အထူးလုံးပန်းနေရလျက် ရှိပါတယ်။

လက်တလောမှာ ဗြိတိန်ဝန်ကြီးချုပ်အနေနဲ့ သူမရဲ့ Brexit သဘောတူညီချက်နဲ့ပတ်သက်ပြီး ပြန်ညှိနှိုင်းဖို့ ကြိုးပမ်းနေရလျက် ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly