အိန္ဒိယမှာ အရက်အဆိပ်သင့်ပြီး သေဆုံးသူဦးရေ ၁၅၀ ကျော်အထိ ရှိလာ

အိန္ဒိယမှာ အရက်အဆိပ်သင့်ပြီး သေဆုံးသူဦးရေ ၁၅၀ ကျော်အထိ ရှိလာ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၅ ။             ။   အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အရက်အဆိပ်သင့်ပြီး သေဆုံးသူဦးရေဟာ စနေနေ့က ၅၈ ဦး အနည်းဆုံး ရှိခဲ့ရာမှာ ခုချိန်မှာ သေဆုံးသူဦးရေဟာ ၁၅၀ အထိ တိုးမြင့်လာကြောင်း ရဲက ပြောပါတယ်။

အာသံပြည်နယ်မှာ ဖြစ်ပွားတဲ့ ဒီအရက်အဆိပ်သင့်လို့ သေဆုံးတဲ့ဦးရေဟာ ၁၅၆ ဦးအထိ ရှိလာပြီး ပြည်နယ်အနှံ့က ဆေးရုံတွေမှာ တင်ထားကုသပေးနေရသူပေါင်းလည်း ၂၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။

“ဂိုလက်ဟတ်ခရိုင်မှာ အဆိပ်သင့်အရက်သောက်ပြီး သေဆုံးသူ စုစုပေါင်း ၈၅ ဦး ရှိတယ်။”လို့ အဆိုးဆုံးကြုံရတဲ့ ဒီခရိုင်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး ဟာဇာရီကာက ပြောပါတယ်။

“လူ ၁၀၀ လောက်ကိုတော့ ပြုစုကုသနေရတုန်းဖြစ်ပါတယ်။ ဆေးရုံကို အရေးပေါ် ရောက်ရောက်လာတဲ့ ဦးရေကတော့ တစ်ဖြည်းဖြည်း နည်းလာပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ နှောင်းပိုင််းမှာ အဆိပ်သင့််အရက်် သောက်မိကြပြီး လူတွေ ကျန်းမာရေးပြဿနာ စပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်း၊ ဒီလို ပြဿနာဖြစ်တဲ့အထဲ အမျိုးသမီးတွေလည်း တော်တော်များများပါပြီး လက်ဖက်စိုက်ခင်းအလုပ်သမားတွေ ဖြစ်ကြကြောင်း ရဲက ပြောပါတယ။်

သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အာသံပြည်နယ်ဝန်ကြီးချုပ် ဆာဘာနန်ဒါက ညွှန်ကြားချက် ထုတ်ထားပါတယ်။

အိန္ဒိယ တောနယ်ပိုင်းတွေမှာ စျေးပေါတဲ့ ချက်အရက်တွေကို ထုတ်လုပ်ကြပြီး အရက်ပိုပြင်းအောင်အတွက် အဲဒီ ချက်အရက်တွေမှာက အဆိပ်ဖြစ်တဲ့ ဓာတ် မြင့်မားတဲ့ မီသနောတွေ ထည့်သွင်းချက်လုပ်လေ့ရှိပါတယ်။

တောင်အာရုနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ စျေးပေါတဲ့ အဆိပ်သင့်အရက်တွေ သောက်ကြပြီး ရာပေါင်းများစွာသော ဆင်းရဲသားပြည်သူတွေ နှစ်စဉ် သေဆုံးမှုတွေ ရှိနေပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly