၂၀၁၈ က အာဖဂန်စစ်ပွဲအတွင်း အရပ်သားသေဆုံးမှု စံချိန်တင် များပြား

၂၀၁၈ က အာဖဂန်စစ်ပွဲအတွင်း အရပ်သားသေဆုံးမှု စံချိန်တင် များပြား

ဖေဖော်ဝါရီ ၂၄ ။            ။       ပြီးခဲ့တဲ့ ၂၀၁၈ က အာဖဂန်နစ္စတန် စစ်ပွဲအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် များပြားခဲ့ပြီး ယခင်နှစ်တွေအားလုံးထက် ပိုမို များပြားနေခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ဆယ်စုနှစ် နှစ်စုနီးပါးကြာ တိုက်ခိုက်မှုတွေအတွင်း ယင်း ၂၀၁၈ မှာ အရပ်သားသေဆုံးမှုကတော့ အရင်နှစ်တွေကနဲ့ မတူ စံချိန်တင် များပြားနေခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၄ မှာ ထုတ်ပြန်ပါတယ်။

၂၀၁၇ နဲ့ ယှဉ်ရင် အာဖဂန်မှာ အရပ်သား သေဆုံးမှုကတော့ ယင်းနှစ်မှာ ၁၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး သေဆုံးသူ ၃,၈၀၄ ဦး၊  ဒဏ်ရာရရှိသူ ၇,၁၈၉ ဦး ရှိခဲ့တယ်လို့ ကုလက ထုတ်ပြန်တဲ့ ကိန်းဂဏာန်းတွေအရ သိရပါတယ်။

ယင်း စစ်ဒဏ် ခံစားရပြီး ဖွတ်ဖွတ်ညက်ညက် ကြေနေတဲ့ နိုင်ငံမှာတော့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ၊ အခြားဗုံးပေါက်ကွဲဲတွေကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ထားခဲ့ရပါတယ်။

ဒါဟာ အမေရိကန်နဲ့ တာလီဘန်အကြား ပဋိပက္ခစစ်ပွဲတွေ အဆုံးသတ်ရေး နောက်တစ်ကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်မှု မတိုင်ခင် တစ်ရက်အလိုမှာပဲ ယခု ကုလ အစီရင်ခံစာထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly