အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းသွားမှာကို တောင်ကိုရီးယားနိုင်ငံသားတွေ စိုးရိမ်နေ

အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းသွားမှာကို တောင်ကိုရီးယားနိုင်ငံသားတွေ စိုးရိမ်နေ

ဖေဖော်ဝါရီ ၂၄ ။                ။        ကင်မ်ဂျုံအန်းနဲ့ ဒေါ်နယ်ထရမ့်အကြား ဒုတိယမြောက် ထိပ်သီးအစည်းအဝေး ဗီယက်နမ်မှာ မကြာခင်ကျင်းပဖို့ ရှိနေချိန် တောင်ကိုရီးယားနိုင်ငံက နိုင်ငံသားတွေမှာတော့ ရတတ်မအေးစရာတွေနဲ့ ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။

ဒါကတော့ ၎င်းတို့နိုင်ငံမှာ အခြေစိုက်နေတဲ့ အမေရိကန်တပ်တွေ ရုတ်တရက် ပြန်ရုပ်သိမ်းသွားမှာကို တောင်ကိုရီးယားနိုင်ငံသားတွေ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာတော့ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂၈,၀၀၀ ကျော်လောက် တပ်ချထားလျက် ရှိပြီး နျူကလီးယားတပ် မြောက်ကိုရီးယားရန်ကနေ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ ကိုရီးယားစစ်ပွဲနောက်ပိုင်း ဆိုးလ်-၀ါရှင်တန်အကြား လုံခြုံရေးဆိုင်ရာ မဟာမိတ်သဘောတူညီချက် တစ်စိတ်တစ်ဒေသအဖြစ် ခုလို အမေရိကန်စစ်သည်တွေ တောင်ကိုရီးယားမှာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဟနွိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရ ခေါင်းဆောင်နှစ်ဦးအကြား ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက်တစ်ခု ရရှိဖွယ် ရှိနေတယ်လို့ ဆိုပြီး အပြန်အလှန်အားဖြင့် အမေရိကန်တပ်တွေ တောင်ကိုရီးယားကနေ ပြန်ဆုတ်ပေးရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဒီအချိန်မှာ အမေရိကန်တပ်တွေကို အားကိုးအားထားပြုနေရတဲ့  တောင်ကိုရီးယားနိုင်ငံသားတွေအတွက်ကတော့ ပူပန်စရာ ကိစ္စတစ်ခုဖြစ်နေလျက် ရှိပါတယ်။

“ အမေရိကန်စစ်သားတွေ မရှိတော့ရင်တော့ ဒီမှာ စိုးရိမ်စရာတွေဖြစ်လာမှာပါ၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်း အများစုလည်း အဓိက ဝင်ငွေ အရင်းအမြစ်တွေ ဆုံးရှုံးသွားရနိုင်ပါတယ်” ဆိုပြီး တောင်ကိုရီးယားနိုင်ငံသားတစ်ဦးဖြစ်တဲ့ ကင်မ်ချန်ဘေးက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly