မြန်မာအပါအဝင် နိုင်ငံပေါင်းရှစ်နိုင်ငံမှ ယောဂအားကစားသမားများ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲ ပြုလုပ်

မြန်မာအပါအဝင် နိုင်ငံပေါင်းရှစ်နိုင်ငံမှ ယောဂအားကစားသမားများ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲ ပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ။           ။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်သော ယောဂအားစားပြိုင်ပွဲ 1st Asia International Yoga Sport Championship 2019 ကို ဖေဖော်ဝါရီ ၂၃ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 " မြန်မာနိုင်ငံမှာ အဓိက ကျင်းပတာက မြန်မာနိုင်ငံက လူတွေကို ဒီယောဂအကြောင်း ပိုပြီး စေချင်တယ်။ ပိုပြီး လေ့ကျင့်စေချင်တယ်။ ဒီပြိုင်ပွဲတွေကတဆင့် အခွင့်လမ်းကောင်းတွေ ရရှိပြီးတော့ မြန်မာကနေ ကမ္ဘာအဆင့် အထိဖြစ်အောင် မြန်မာနိုင်ငံမှာ ကျင်းပခြင်းဖြစ်ပါတယ်" ဟု ပြိုင်ပွဲ၏ ဒိုင်တစ်ဦးဖြစ်သူ Dr.Adrish Brahmadatta ကပြောသည်။

 အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် အိန္ဒိယနိုင်ငံ၊ကနေဒါနိုင်ငံ၊စပိန်နိုင်ငံ ၊ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် လာအိုနိုင်ငံများမှ ယောဂအားကစားသမားများ စုစုပေါင်း ၃၉ဦးပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

 " အရင်ပွဲတွေကကျတော့ ကိုယ့်နိုင်ငံမှာပဲ ပြိုင်ရတာ။အခုဒီပွဲကကျတော့ နိုင်ငံတကာပွဲဖြစ်တဲ့အတွက် ပိုပြီး  အတွေ့ကြုံရချင်တယ်၊ဒီပွဲကနေ အခွင့်အရေးရယ်၊အလေ့ကျင့်တွေရယ် ရမယ်လို့ မျှော်လင့်ပါတယ်"ဟု ဝင်ရောက်ယှဉ်ပြိုင်သူ မစိမ်းချမ်းမြေ့တင်မှ ပြောသည်။

 ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အတွက် အသက် ၁၈နှစ်မှ ၆ဝအထိ စီနီယာအဆင့် ပြိုင်ပွဲနှင့် အသက် ၁၂နှစ်မှ အသက်၁၈နှစ်အောက် အရွယ်အထိ ဂျူနီယာအဆင့်ပြိုင်ပွဲဝင်ဟု (၂)မျိုးခွဲခြားထားပြီး စီနီယာ အဆင့်တွင် ပါဝင်ယှဉ်ပြိုင်သူ ၁၈ဦးရှိပြီး ဂျူနီယာအဆင့်တွင်  ပါဝင်ယှဉ်ပြိုင်သူ ၂၁ဦးရှိသည်။

 အဆိုပါပြိုင်ပွဲတွင် ဂျူနီယာ ချန်ပီယံနှင့် စီနီယာချန်ပီယံ (၂)မျိုး ရွေးချယ်သွားမည်ဖြစ်ကာ ယခုကျင်းပ သည့်ပွဲသည် ဒုတိယအကြိမ်မြောက်ကျင်းပသည့်ပွဲဖြစ်ပြီး ၂၀၁၈ခုနှစ်တွင်Myanmar National ပွဲ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly