အင်ဒိုနီးရှားမှာ တိုက်ပွဲတွေကြောင့် ကျောင်းသားကျောင်းသူ ရာပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေး

အင်ဒိုနီးရှားမှာ တိုက်ပွဲတွေကြောင့် ကျောင်းသားကျောင်းသူ ရာပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေး

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၀ ။       ။   အင်ဒိုနီးရှားနိုင်ငံရဲ့ တည်ငြိမ်မှုကင်းမဲ့ရာ ပါပူဝါပြည်နယ်မှာ တိုက်ပွဲဖြစ်တာကြောင့် ကျောင််းသားကျောင်းသူ ရာပေါင်းများစွာ ဘေးလွတ်ရာ ပြေးရကြောင်း ဌာနေ NGO တစ်ရပ်က ပြောပါတယ်။

ခွဲထွက်ရေးသူပုန်တွေက အစိုးရဝန်ထမ်းတွေကို အစုအပြုံလိုက် သတ်အပြီး စစ်တပ်က တုံ့ပြန််ရာကနေ တိုက်ပွဲဖြစ်တာလို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီဇင်ဘာ အစောပိုင်းက အစွန်အဖျားအရပ် တောတွင်း အလုပ်စခန်းတစ်ခုမှာ အစိုးရနဲ့ ချိတ်ဆက်တဲ့ အလုပ်သမား ၁၉ ဦး သတ်ခံရတာဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုကြောင့် အားနည်းပြီး ဖွဲ့စည်းပုံ မတောင့်တင်းတဲ့ ပြောက်ကျားစစ်အဖွဲ့နဲ့ အစိုးရတပ်တွေကြား ဆယ်နှစ််တွေ ချီပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကို အရှိန်မြင့်သွားစေပါတယ်။

ဒီလို ထိပ်တိုက်စစ်ပွဲကြောင့် အင်န်ဒူဂါခရိုင်မှာ အစိုးရဟာ ကျောင်းသားကျောင်းသူပေါင်း ၄၀၀ ကျော်ထက်မနည်းကို အနီးက ဂျာယောဂျာယာခရိုင်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း လူသားချင်းစာနာထောက်ထားရေး စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ဒေသတွင်း ပညာရေးအေဂျင်စီတစ်ရပ်အရ သိရပါတယ်။

“ကျောင်းသားကျောင်းသူအချို့မှာ စိတ်ဒဏ်ရာတွေ ခံစားရတာကို တွေ့ရတယ်။ ယူနီဖောင်းဝတ် စစ်သားတွေ ရောက်လာတာ မြင််တာနဲ့ ကျောင်းသားကျောင်းသူအချို့ဟာ ကြောက်လန့်တကြား ထွက်ပြေးကြတော့တယ်။”လို့ NGO ရဲ့ ညှိနှိုင်းရေးမှူး အန်းဂေါင်းက ပြောပါတယ်။

အခြားသော ဒေသခံတွေဟာလည်း အနီးနားက အရပ်တွေ ဒါမှမဟုတ် တောထဲကို ထွက်ပြေးတာတွေ ရှိနေပါတယ်။

စစ်သားတွေဟာ မီးရှို့တာတွေ၊ ကျွဲနွားတိရစ္ဆာန်တွေနဲ့ ဒေသခံတွေကို နှိပ်စက်ညှင််းပန်း သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly