ပြင်သစ်မှာ လမ်းသွားလမ်းလာတွေကို ဓားကိုင်တိုက်ခိုက်သူကို အသေပစ်သတ်ဖမ်းဆီး

ပြင်သစ်မှာ လမ်းသွားလမ်းလာတွေကို ဓားကိုင်တိုက်ခိုက်သူကို အသေပစ်သတ်ဖမ်းဆီး

မာဆေး၊ ဖေဖော်ဝါရီ ၂၀ ။                   ။    ပြင်သစ်နိုင်ငံ တောင်ပိုင်း မာဆေးမြို့မှာ ဓားကိုင်ထားသူတစ်ဦးက လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တာကြောင့် လူသုံးဦး ဒဏ်ရာရပြီး အဲဒီတိုက်ခိုက်သူကို  ရဲတပ်ဖွဲ့က အသေပစ်သတ်လိုက်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂါနေ့မှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံရေးစေ့ဆော်ချက်ကြောင့် တိုက်ခိုက်တာမျိုး မဟုတ်ဘူးလို့ အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

“ဒါဟာ သက်သက်မဲ့ရမ်းကားတိုက်ခိုက်မှုပဲ ဖြစ်တယ်။”လို့ အစိုးရရှေနေ့ ဆာဗီယားက ပြောပါတယ်။

တိုက်ခိုက်သူက ခြိမ်းခြောက်လာတာကြောင့် ပစ်ခတ်လိုက်ရခြင်းဖြစ်တယ်လို့ ရဲဌာနက ပြောပြီး ကျည်စရှပ်မှန်လို့ လေးယောက်မြောက်လူတစ်ဦး ခြေထောက်ဒဏ်ရာရကြောင်း ထပ်လောင်းပြောပါတယ်။

အခု တိုက်ခိုက်မှုဟာ ပြင်သစ်ရဲ့ ဒုတိယအကြီးဆုံး မာဆေးမြို့အလယ်ပိုင်း လူစည်ကားရာလမ်းမှာ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ အောက်တိုဘာလအတွင်းကလည်း မာဆေးမြို့က ဘူတာရုံတစ်ခုမှာ ဓားကိုင်တိုက်ခိုက်သူက အမျိုးသမီးနှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အိုင််အက်စ်က ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly