ဦးချိုပါ ပင့်ကူမျိုးစိတ်သစ်တစ်မျိုးကို အင်ဂိုလာမှာ ရှာဖွေတွေ့ရှိ

ဦးချိုပါ ပင့်ကူမျိုးစိတ်သစ်တစ်မျိုးကို အင်ဂိုလာမှာ ရှာဖွေတွေ့ရှိ

ဖေဖော်ဝါရီ ၁၉ ။            ။ ထူးခြားတဲ့ ပင့်ကူမျိုးစိတ်သစ်တစ်မျိုးကို အင်ဂိုလာနိုင်ငံမှာ ရှာဖွေတွေ့ရှိထားကြောင်း တောင်အာဖရိက သုတေသီတွေက ထုတ်ဖော်လိုက်ပါတယ်။

ယခု အင်ဂိုလာနိုင်ငံ အလယ်ပိုင်း တောထဲကနေ ရှာတွေ့တဲ့ ပင့်ကူမျိုးစိတ်သစ်မှာတော့ တမူထူးခြားစွာပဲ ကျောဘက်ပေါ်မှာ ဦးချို ပုံစံ အချောင်းတံ တစ်ခု ပါရှိနေတယ်လို့ သိရပြီး ယင်း ပုံစံအတိုင်း ပထမဆုံးတွေ့ရှိတဲ့ ပင့်ကူမျိုးစိတ်လည်း ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ယင်း ပင့်ကူ ကို "Ceratogyrus attonitifer"ဆိုပြီး အမည်ပေးထားတယ်လို့ သိရပါတယ်။

" ဒီ ပင့်ကူက ကမ္ဘာမှာ တကယ့်ကို ထူးခြားတဲ့  မျိုးစိတ်တစ်ခု ဖြစ်ပါတယ်၊ သူ့မှာဆိုရင် ဦးခေါင်း အလယ်ဘက်လောက်ကနေ ထိုးထွက်နေတဲ့ ချိုတစ်ခု ပါနေတာပါ၊ ဒါမျိုး ပင့်ကူမျိုး အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး" ဆိုပြီး တောင်အာဖရိက အမျိုးသား ဇီဝမျိုးကွဲ ဌာနမှ သုတေသီ ဒေါက်တာ အိုင်ရန် အန်ဂျယ်ဘရက်ချ်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly