ကမ္ဘာကြီးအတွက် Huawei က မရှိလို့မဖြစ် အရေးကြီးသည်ဟု ကုမ္ပဏီတည်ထောင်သူ ပြောဆို

ကမ္ဘာကြီးအတွက် Huawei က မရှိလို့မဖြစ် အရေးကြီးသည်ဟု ကုမ္ပဏီတည်ထောင်သူ ပြောဆို

ဖေဖော်ဝါရီ ၁၉ ။             ။ တရုတ်တယ်လီကွန်း ကုမ္ပဏီကြီး Huawei ကို အမည်ပျက် စာရင်းသွင်းဖို့ အမေရိကန်တို့ဘက်က ကြိုးပမ်းအားထုတ်နေတာတွေနဲ့ပတ်သက်လို့ ယင်းကုမ္ပဏီ တည်ထောင်သူက ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

ယနေ့အချိန်မှာ ကမ္ဘာကြီးအနေနဲ့  Huawei နဲ့ ယင်းရဲ့ အဆင့်မြင့်နည်းပညာတွေ မရှိဘဲနဲ့ ဘာမှ မလုပ်နိုင်ပါဟု Huawei တည်ထောင်သူဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် တရုတ်ဘီလျံနာ Ren Zhengfei က ထုတ်ဖော်ပြောဆိုသွားပါတယ်။

" အမေရိကန်တို့ဆီမှာ ကျွန်တော်တို့ကို ပြိုလဲအောင်ဖျက်စီးပစ်နိုင်မယ့် နည်းလမ်းမျိုး မရှိပါဘူး" ဆိုပြီး အဆိုပါ တရုတ် တယ်လီကွန်း ကုမ္ပဏီကြီးရဲ့ တည်ထောင်သူပုဂ္ဂိုလ်က ဘီဘီစီ သတင်းဌာနနဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောဆိုသွားခဲ့ပါတယ်။

" ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကျွန်တော်တို့ကို ဘယ်လိုမှ ချန်ထားခဲ့လို့ မဖြစ်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ နည်းပညာအရ ပိုအဆင့်မြင့်နေလို့ပါ" ဆိုပြီး ၎င်းက ထပ်မံ ပြောဆိုသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အီရန်အပေါ် ချမှတ်ထားတဲ့ အမေရိကန် ဆန်ရှင် ချိုးဖောက်လို့ ဆိုပြီး သမီးဖြစ်သူ Huawei ဘဏ္ဍာရေးအရာရှိချုပ် Meng Wanzhou ကို ပြီးခဲ့တဲ့ ဒီဇင်ဘာက ဖမ်းဆီးထိန်းသိမ်းခဲ့မှုဟာလည်း တကယ်တမ်းမှာတော့ နိုင်ငံရေးအရင်းခံ တွန်းအားပေးလုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း Ren က ရှုတ်ချပြောဆိုသွားပါတယ်။

၎င်းတို့ဘက်ကတော့ ယင်းကိစ္စအပေါ် ကန့်ကွက်ကြောင်း Ren က ထုတ်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly