ဖေဖော်ဝါရီ ၁၅ ။ ။ ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျရောက်မယ့် ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီရဲ့ မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေတင်ဆက်မှု အခမ်းအနားတွေကိုတော့ မြောက်ကိုရီးယားမှာ ကျင်းပနေပြီ ဖြစ်ပါတယ်။
ယင်း အခမ်းအနားပွဲတွေအနက်က တစ်ခုအဖြစ် ဖေဖော်ဝါရီ ၁၄ ရက်က ရေကူးရင်း ပြိုင်တူကပြရတဲ့ ဖျော်ဖြေတင်ဆက်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
မိုးလုံလေလုံ အားကစားရုံတစ်ခုအတွင်း ရေကူးကန်ထဲမှာ အမျိုးသမီးတွေ ရေကူးရင်း ပြိုင်တူ ညီညာစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ ကင်မ်ဂျုံအီကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံလုံးဆိုင်ရာ အချက်အပြုတ် ပြိုင်ပွဲတစ်ခုကိုလည်း ကျင်းပခဲ့ကြောင်းလည်း သိရပါတယ်။