ရုရှကျွန်းစုသို့ ပိုလာဝက်ဝံများ ကျူးကျော်ဝင်ရောက်

ရုရှကျွန်းစုသို့ ပိုလာဝက်ဝံများ ကျူးကျော်ဝင်ရောက်

ဖေဖော်ဝါရီ ၁၅ ။          ။ ရုရှနိုင်ငံမြောက်ဘက်ခြမ်းနဲ့ ထိစပ်နေတဲ့ အာတိတ်သမုဒ္ဒရာဒေသ၊ နိုဗာရာဇမ်ရာကျွန်းစုမှာ ပိုလာဝက်ဝံတွေ အုပ်စုလိုက် ကျူးကျော်ဝင်ရောက်လာတယ်လို့ ရုရှအာဏာပိုင်တွေက များမကြာမီကပဲ အရေးပေါ်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရာသီဥတုပူပြင်းမှုကြောင့် အာတိတ်ရေခဲပြင်ကြီး အရည်ပျော်လာတဲ့အတွက် ပိုလာဝက်ဝံတွေဟာ အစာရှာထွက်ရင်းနဲ့ နိုဗာရာဇမ်ရာကျွန်းစုကို ရောက်ရှိလာကြတာဖြစ်ပါတယ်။

ရုရှနိုင်ငံမှာ အဆိုပါပိုလာဝက်ဝံတွေကို ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ထားသလို ၎င်းတို့ကို သတ်ဖြတ်ခြင်းကိုလည်း ပိတ်ပင်ထားတာဖြစ်ပါတယ်။

သို့ပေမယ့် ဆာလောင်မွတ်သိပ်နေတဲ့ ပိုလာဝက်ဝံတွေဟာ နိုဗာရာဇမ်ရာကျွန်းစုပေါ်က နေအိမ်တွေထဲအထိ ကျူးကျော်ဝင်ရောက်တာတွေ၊ ဒေသခံတွေကို ရန်မူတာတွေ ရှိလာတဲ့အတွက် အဆိုပါပိုလာဝက်ဝံတွေကို နိမ်နှင်းဖို့ ရုရှအာဏာပိုင်တွေက ညှိနှိုင်းတိုင်ပင်နေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလကနေ ယခုလက်ရှိအချိန်ထိ ပိုလာဝက်ဝံ ၅၂ ကောင်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဒေသခံတွေမှာလည်း ဘယ်ကိုမှမသွားရဲသလောက် ဖြစ်နေကြောင်း သိရှိရပါတယ်။

“အခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့မှ အဆင်မပြေရင် သူတို့တွေကို သတ်ပစ်ရမှာပဲ။”လို့ အာခန်ဂျက်ဇ် ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly