ကုန်သွယ်ရေးတင်းမာမှုတွေကို ရှောင်ရှားနိုင်ရေး တရုတ်-အမေရိကန် နှစ်ရက်တာ ဆွေးနွေးပွဲ စတင်

ကုန်သွယ်ရေးတင်းမာမှုတွေကို ရှောင်ရှားနိုင်ရေး တရုတ်-အမေရိကန် နှစ်ရက်တာ ဆွေးနွေးပွဲ စတင်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ။       ။  တရုတ်နဲ့ အမေရိကန် စေ့စပ်ညှိနှိုင်းသူတွေဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုတွေကို ရှောင်ရှားနိုင်ရေးအတွက် ပေကျင်းမှာ အဆင့်မြင့်အရာရှိအဆင့် နှှှစ်ရက်တာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှာ စတင်ပြီ ဖြစ်ပါတယ်။

ဆိုးဝါးနေတဲ့ နှစ်နိုင််ငံကြားက ကုန်သွယ်ရေးအငြင်းပွားမှုတွေဟာ ဘဏ္ဍာရေးစျေးကွက််နဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုတွေအပေါ် ဖိစီးထားတာဖြစ်ပြီး ဒါကို ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးလာတာပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သွင်းကုန် အမေရိကန််ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် စည်းကြပ်ခွန်တွေ ပြဌာန်းမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပြီး စေ့စပ်ညှိနှိုင်းမှုတွေအတွက် လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေး အင်အားကြီး အမေရိကန်နဲ့ တရုတ်ကြားမှာ ဒေါ်လာ ၃၆၀ ဘီလီယံဖိုးအထိ စည်းကြပ်ခွန်တွေ အပြန်အလှန် ချမှတ်ထားကာ ကုန်သွယ်ရေး စစ်ခင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် နှစ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍာမှာလည်း ဖိစီးမှုတွေ ကြုံနေရကာ ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်လည်း လှုပ်ယမ်းနေခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တီးနားမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီးနောက် ကုန်သွယ်ရေးစစ်ကို ရက် ၉၀ အပစ်ရပ်ရန် သမ္မတ ထရမ့်က သဘောတူပြီး နယူးယောက်မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကုန်သွယ်ရေးစစ်ပွဲ အပစ်ရပ် သဘောတူညီမှု သက်တမ်းကုန်မယ့် မတ် ၁ ရက်မတိုင်ခင်် ဒုတိယမြောက် နှစ်နိုင်ငံ ဆွေးနွေးပွဲကို အခုအခါမှာ ပေကျင်းမှာ ကျင်းပတာဖြစ်ပြီး ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ရလဒ်ကောင်းထွက်ပေါ်လာမယ်လို့ မျှော်လင့်လျက် ရှိနေကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly