ဆိုင်ကယ်တွေသိမ်းပြီး နိုင်ငံပိုင် သိမ်းမယ်ဆိုရင် စက်ဘီးစီးတာ ခွင့်ပြုပေးပါ

ဆိုင်ကယ်တွေသိမ်းပြီး နိုင်ငံပိုင် သိမ်းမယ်ဆိုရင် စက်ဘီးစီးတာ ခွင့်ပြုပေးပါ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ကိုဇော်ထက် ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာထဲမှာရေးထားတဲ့ အကြောင်း အရာက စည်ပင် သာယာရေး နယ်နမိတ်အတွင်း မောင်းနှင် စီးနင်းနေတဲ့ မော်တော်ဆိုင် ကယ်များနဲ့ ပတ်သက်ပြီး ရေးသား ပေးပို့ခဲ့ တာ ဖြစ်ပါတယ်။ သူဟာ မွေးကတည်းက ရွှေပြည်သာမြို့ နယ်မှာနေထိုင်ပြီး သူနေတဲ့ရပ်ကွက် (အရင်ကရွာ)ဟာ ကားလိုင်းတွေ ပြေးဆွဲတဲ့ လမ်းမကြီးနဲ့ ဝေးလို့ အရင်က စက်ဘီးကို အသုံးပြုခဲ့ပေမယ့် အခု ဆိုင်ကယ်အသုံးပြုနေ သူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်သူတွေ စီစဉ်ပေးလို့ ကားလိုင်းတွေ များလာပါစေ။ အချို့ ရပ်ကွက်တွေက ချောင်ကျ တာကြောင့် သူတို့နေ ရာမှာ နေထိုင်သူတွေအဖို့ ခြေလျင်သွားဖို့ အချိန်ကုန်ပြီး ခက်ခဲတာကြောင့် ကိုယ်ပိုင် အသုံးပြုလို့ရတဲ့ စက်တပ် မော်တော်ဆိုင်ကယ်ကို သူအပါအဝင် လူများစုက အသုံးပြုနေ ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ မြို့နယ်မှာ နေထိုင်သူ ပြည်သူတွေထဲမှာ အစိုးရနဲ့ ကုမ္ပဏီ ဝန်ထမ်း နည်းပါးပြီး အများအားဖြင့်ကတော့ ကိုယ်ပိုင် ဈေးရောင်း သူတွေနဲ့ လက်လုပ်လက်စား နေ့စားလုပ်သူတွေ များပါတယ်။ အလုပ်ရှင် သတ်မှတ်ထားတဲ့ အချိန်အ တွင်း ရောက်နိုင်ဖို့ကို ဈေးနှုန်းသက်သာတဲ့ ရထားဘူတာနဲ့ လိုင်းကားဂိတ်တွေကို အချိန်မီ သွားဖို့အတွက် အိမ်က နေ စက်တပ်ယာဉ် စီးပါမှ အမှီရောက်နိုင်ပါတယ်လို့ ရေးပါတယ်။

ဒီလိုလုပ်လာကြရင်းနဲ့ ဆိုင်ကယ်စီးရင် ကားလိုင်စင်မလိုသလို သဘောထားလာကြတာကို တွေ့ရတဲ့အပြင် ဦးထုပ်လည်း မဆောင်းကြဘဲ စီးကြတဲ့အတွက် မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုတွေများလာ ပါတယ်။ လမ်းတွေ ကလည်း ချိုင့်တွေ ဗွက်တွေနဲ့မို့ မကြခဏ လူတိုက်မိတဲ့ ပြဿနာကလည်း တစထက်တစ ကြီးထွားလာပါတယ်။ ရွှေပြည်သာမှာ ဆိုင်ကယ်စီးကြတာ ၁၀ နှစ်မက ရှိလာပါပြီ။ တစ်ခါတစ်ရံမှာ စီမံချက်ဆိုပြီး ၂ လတစ်ခါ ဖမ်းတာက လည်း ၁ ရက်တည်းပါ။

ဖမ်းတဲ့ရက်ဆိုရင် လမ်းကြိုလမ်းကြားတွေက သွားပြီး ရှောင်သလို တစ်ဆင့်တစ်ဆင့် ပြောလို့ အဲဒီရက်မှာသာ ခဏနား ကြပြီး ပြန်စီးကြတော့ ပြန်ပြီး တိုက်ကြပြန်ပါတယ်။ အခုထွက်လာတဲ့ သတင်းဖြစ် တဲ့ မြို့တော်စည်ပင် သာယာ နယ်နမိတ်အတွင်း မောင်းနှင်စီးနင်းသည့် မော်တော်ဆိုင်ကယ်များ နိုင်ငံပိုင်အဖြစ် သိမ်းဆည်း အရေးယူမည်ဆိုတာကို သူ့အနေနဲ့တော့ ကြိုဆိုပါတယ်လို့ ဆိုပါတယ်။

ဒီလိုသာမဟုတ်ရင် လိုင်စင်မရှိတဲ့ ဆိုင်ကယ်ကို စီးပြီးရင် တိတ်တိတ်နဲ့ ဘယ်နေ့ယာဉ်မှုစစ်နဲ့ တွေ့မလဲဆို တဲ့ ခံစားချက်ကို သူခံစားနေရတုန်းမှာ ဖြစ်တာကြောင့်ပါလို့ ရေးပါတယ်။ သူ့ဆိုင်ကယ်ဟာ အချိန် ကုန်သက်သာ အောင် ချွေးနည်းစာနဲ့ ဝယ်ထားတဲ့ ပစ္စည်း ဖြစ်ပေမယ့် တကယ် အရေးယူ မယ်ဆိုရင်တော့ လုံးဝ မစီးတော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေကလည်း ရွှေပြည် သာမြို့နယ်က လမ်းတွေ ကောင်းအောင် လုပ်ပေးပြီး စက်ဘီးစီးခွင့်ကို ခွင့်ပြုပေးမယ် ဆိုရင်တော့ ရွှေပြည်သာက ဆင်းရဲသား လူတန်းစားတွေအနေနဲ့ တာဝန်ရှိသူတွေကိုကျေးဇူး တင်နေကြမှာပါလို့ရေးလာတဲ့စာ ကိုဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags