ဟေတီမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေ

ဟေတီမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေ

ဖေဖော်ဝါရီ ၁၂ ။         ။ ဟေတီနိုင်ငံမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေလျက် ရှိပြီး အခြေအနေတွေက ဆက်လက် တင်းမာနေလျက် ရှိပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်အထိဆိုရင် ငါးရက်ဆက်တိုက် ရှိလာခဲ့ပြီ ဖြစ်တဲ့ ဟေတီ ဆန္ဒပြပွဲတွေမှာတော့ လက်ရှိသမ္မတ နုတ်ထွက်ရေးကို အဓိက တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ လက်ရှိ ဟေတီရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကို ပြေလည်သွားစေဖို့အတွက် ဆွေးနွေးတိုင်ပင်မှု လမ်းကြောင်းကို ရွေးချယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တောင်းဆိုထားလျက် ရှိပါတယ်။

နိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ ထူပြောနေလျက် ရှိချိန်  သမ္မတ ဟိုဗန်နယ် မွိုက်စ်  ရာထူးကနေ နုတ်ထွက်ရေးကိုသာ ဆန္ဒပြသမားတွေဘက်က လိုလားနေလျက် ရှိပါတယ်။

ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းနဲ့ သွားဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေ ရှိနေလင့်ကစား အတိုက်အခံ အုပ်စုဘက်ကတော့ ဆန္ဒပြမှုကိုသာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly