နှစ်သက်တမ်း ၂,၀၀၀ ရှိ ကလေး မမ်မီ ရုပ်အလောင်း ၁ လောင်းကို အမေရိကန်က ပီရူးထံ ပြန်လွှဲပေး

နှစ်သက်တမ်း ၂,၀၀၀ ရှိ ကလေး မမ်မီ ရုပ်အလောင်း ၁ လောင်းကို အမေရိကန်က ပီရူးထံ ပြန်လွှဲပေး

ဖေဖော်ဝါရီ ၁၁ ။            ။ အမေရိကန် ပြတိုက်တစ်ခုမှာ ရှိနေခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ သက်တမ်းရှိ ရှေ့ခေတ် ကလေး မမ်မီ ရုပ်အလောင်း တစ်လောင်းကို ယခုအခါ မူလပိုင်ရှင်နိုင်ငံဖြစ်တဲ့ ပီရူးထံ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

ဆယ်စုနှစ်များစွာကြာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် ယခုအခါ အဆိုပါ Aymara လူမျိုးစုဝင် ကလေး မမ်မီ အလောင်းကို အမေရိကန် ပြတိုက်ထံကနေ ပြန်လည် လက်ခံရရှိတာဖြစ်ကြောင်း ပီရူးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

" ဖေဖော်ဝါရီ ၇ ရက်မှာပဲ ပီရူးတို့နဲ့ ပတ်သက်တဲ့ ဒီ ကလေး မမ်မီ အလောင်းက ပီရူး ကိုပဲ ပြန်ရောက်လာပါပြီ၊ ဒီ မမ်မီ ကတော့ နှစ်သက်တမ်းပေါင်း ၂,၀၀၀ လောက် ကြာပြီလို့ ယုံကြည်ရပါတယ် ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါဟာ ကမ္ဘာအနှ့ံ ပြန့်နှံ့ ရောက်ရှိနေတဲ့ ပီရူး ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည် ရရှိနိုင်ရေး ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်နေခြင်းရဲ့ အောင်မြင်မှု အသီးအပွင့်တစ်ခုလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Corpus Christi မြို့ သိပ္ပံနဲ့ သမိုင်း ပြတိုက်ကနေတဆင့် အဆိုပါ ကလေး မမ်မီ ရုပ်အလောင်းကို ပီရူးတို့ထံ ပြန်လွှဲပေးအပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly