အမေရိကန် တပ်ဖွဲ့ဝင်များအတွက် ဘဏ္ဍာငွေထည့်ဝင်မှု တောင်ကိုရီးယား တိုးမြှင့်ပေး

အမေရိကန် တပ်ဖွဲ့ဝင်များအတွက် ဘဏ္ဍာငွေထည့်ဝင်မှု တောင်ကိုရီးယား တိုးမြှင့်ပေး

ဖေဖော်ဝါရီ ၁၀ ။            ။ နိုင်ငံတွင် တပ်ချ ရောက်ရှိနေသည့် အမေရိကန် တပ်ဖွဲ့ဝင်များအတွက် ဘဏ္ဍာငွေ ထည့်ဝင်မှု ပမာဏကို တိုးမြှင့်ပေးဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ အမေရိကန်နှင့် မြောက်ကိုရီးယား ဒုတိယမြောက် ထိပ်သီးအစည်းအဝေး မတိုင်ခင် မဟာမိတ် အမေရိကန်နဲ့အကြား မကျေလည်မှုတစ်ရပ်ကို ကျေအေးစေဖို့ ဆိုးလ်ဘက်က ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲနောက်ပိုင်း အမေရိကန်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံသည် လုံခြုံရေးပိုင်း မဟာမိတ်အဖြစ် ဆက်ဆံခဲ့ကြသည်။ ပြုံယမ်းဘက်မှ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၀၀၀ ကျော် လာရောက်တပ်ချထားလျက်ရှိသည်။

ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်တပ်များ ချထားရသည့် ကုန်ကျစရိတ်နှင့်ပတ်သက်၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မကြာခဏ ညည်းညူပြောဆိုမှုများ လုပ်ခဲ့ပြီး ၎င်းတပ်ဖွဲ့ဝင်တို့အတွက် ငွေကြေးထည့်ဝင်မှုပမာဏကို တိုးမြှင့်ပေးဖို့ ဆိုုးလ်ဘက်ကို တောင်းဆိုထားခဲ့သည်ဟု သိရသည်။

ယခုအခါ နှစ်ဘက်ညှိနှိုင်းမှုများအရ ၂၀၁၉ ခုနှစ်အတွက် ကိုရီးယားဝမ် ၁ ဒသမ ၀၄ ထရီလီယံ (ဒေါ်လာ ၉၂၄ သန်း) ထည့်ဝင်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ ယင်းပမာဏသည် ယမန်နှစ်က သက်တမ်းကုန်ခဲ့သည့် ငါးနှစ်စာချုပ်အောက်ရှိ ထည့်ဝင်ပေးထားသည့် ပမာဏထက် ၈ ဒသမ ၂ ရာခိုင်နှုန်း ပိုများနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly