အစ်မတော်ဖြစ်သူ ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်တာဟာ လုံးလုံး မသင့်တော်ဘူးလို့ ထိုင်းဘုရင် ပြော

အစ်မတော်ဖြစ်သူ ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်တာဟာ လုံးလုံး မသင့်တော်ဘူးလို့ ထိုင်းဘုရင် ပြော
Photos: AFP

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ။       ။ ထိုင်းနိုင်ငံရဲ့ သြဇာတက္ကိမကြီးမားတဲ့ ဘုရင်မင်းမြတ်ဟာ အစ်မတော်ဖြစ်သူ ဝန်ကြီးချုပ်နေရာ ဝင်အရွေးခံတာဟာ လုံးလုံးမသင့်တော်ဘူးလို့ မြွတ်ကြားလိုက်ပါတယ်။

အစ်မတော် ဥဘောရတနာ ဝန်ကြီးချုပ် နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာဟာ မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပြီး တော်ဝင်အစဉ်အလာကိုလည်း ဆန့်ကျင်တယ်လို့ သောကြာနေ့ နှောင်းပိုင်းမှာ ဘုရင် မဟာဝါဇီရလောင်ကွန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သက်တော် ၆၇ နှစ်ရှိ ဘုရင့်အစ််မတော် ဥဘောရတနာဟာ အဲဒီနေ့ အစောပိုင်းမှာပဲ လာမယ့် ရွေးကောက်ပွဲမှာ Thai Raksa Chart ပါတီကနေပြီး ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။

ဥဘောရတနာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အဲဒီ ပါတီဟာဆိုရင် ရှင်နာဝတ်ထရာနိုင်ငံရေးမျိုးဆက်က ထိန်းကျောင်းမှုပေးခဲ့တဲ့ ပါတီပဲ ဖြစ်ပါတယ်။

ဥဘောရတနာအနေနဲ့ ခုလို နိုင်ငံရေး ရှေ့တန်းကို ဝင်ရောက်လာတာဟာ သြဇာကြီးတဲ့ တော်ဝင်မိသားစုဝင်တစ်ဦးအနေနဲ့ ပထမဆုံး နိုင်ငံရေးမှာ ဝင်ပါခြင်းပဲ ဖြစ်ပါတယ်။

ပညာတတ်တစ်ဦးဖြစ်တဲ့ ဥဘောရတနာက ၎င်းအနေနဲ့ နိုင်ငံရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ပြန်လည်ပြင်ဆင်မယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အစ်မတော်ဖြစ်သူရဲ့ ခုလို တော်ဝင်အသိုင်းအဝန်းအတွက် အစဉ်အလာမရှိတဲ့ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ပါတာနဲ့ ပတ်သက်ပြီး ဘုရင်မင်းမြတ် ၀ါဇီရလောင်ကွန်းကတော့ စိတ်ဘဝင်မကျဖြစ်ရကြောင်း နန်းတော်ကလည်း ထုတ်ပြန်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly