အာကာသအတွင်း ခရီးသွားခြင်းကို မှန်တယ်လို့ မယူဆသင့်ဘူးလို့ အမေရိကန်အာကာသယာဉ်မှူး ပြော

အာကာသအတွင်း ခရီးသွားခြင်းကို မှန်တယ်လို့ မယူဆသင့်ဘူးလို့ အမေရိကန်အာကာသယာဉ်မှူး ပြော
Photo: AFP

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ။          ။ အာကာသထဲ ခရီးသွားခြင်းကို မှန်ကန်တယ်လို့ မယူဆသင့်ကြောင်း အမေရိကန်အာကာသယာဉ်မှူး ဖြစ်တဲ့ မတ်ဖော်ဂါက ပြောပါတယ်။

မက်ဖော်ဂါဟာဆိုရင် Virgin Galactic အာကာသနည်းပညာကုမ္ပဏီက လုပ်ဆောင်တဲ့ ၂၀၁၁ နောက်ပိုင်း အမေရိကန်မြေကနေ အာကာသထဲ ပထမဆုံး လူလိုက်ပါတဲ့ ပျံသန်းမှုရဲ့ ယာဉ်မှူးနှစ်ယောက်က တစ်ဦးပဲ ဖြစ်ပါတယ်။

လေကြောင်းနဲ့ အာကာသပြတိုက်မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ မက်ဖော်ဂါက “အာကာသထဲ ခရီးသွားတာကို မှန်ကန်တယ်လို့ မယူဆထားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဘေးများတဲ့ ခရီးပဲ ဖြစ်လို့ပါ။”လို့ ပြောခဲ့တာပါ။

Virgin Galactic ကုမ္ပဏီအနေနဲ့ လာမယ့် လေးငါးလအတွင်းမှာ ကုမ္ပဏီပိုင် အာကာသယာဉ်နဲ့ လူတွေကို အာကာသထဲ ခရီးထွက်စေဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

“လပေါ် လူတွေ ခြေချတဲ့ နှစ်ငါးဆယ်ပြည့်အဖြစ် ကျွန်တော်က လူတွေကို အာကာသခရီးထွက်နိုင်ဖို့ ဆန္ဒရှိနေတာပါ။”လို့ Virgin Galactic ကုမ္ပဏီရဲ့ သူဌေးဖြစ်တဲ့ ရစ်ချက်ဘရန်ဆန်က ပြောပါတယ်။

Virgin Galactic ကုမ္ပဏီဟာဆိုရင် အာကာသထဲ လူတွေကို ရောက်ဘူးအောင် စီစဉ်နေတဲ့ Blue Origin ကုမ္ပဏီနဲ့ အပြိုင်ကုမ္ပဏီလည်းပဲ ဖြစ်ပါတယ်။

ဒီကုမ္ပဏီနှစ်ရပ်စလုံးဟာ ကမ္ဘာ့ဂြိုဟ်ပတ်လမ်းအထိ လူထောင်ပေါင်းများစွာကို ပို့ဆောင်နိုင်မယ့် ခရီးစဉ်ကို ပျံသန်းဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

လူ့သမိုင်းမှာ ပထမဆုံး လကမ္ဘာပေါ် ခြေချနိုင်ခြင်းအဖြစ် ၁၉၆၉ ခုနှစ် ဇူလိုင် ၂၀ မှာ အမေရိကန်ရဲ့ Apollo 11 အာကာသမစ်ရှင်နဲ့ သမိုင်းသစ် ရေးထိုးထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly