ကျပ်သိန်းပေါင်း ၆၆ဝဝကျော်တန်ဖိုးရှိမူးယစ် ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ

ကျပ်သိန်းပေါင်း ၆၆ဝဝကျော်တန်ဖိုးရှိမူးယစ် ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ဖေဖော်ဝါရီလ ၈ ။           ။ ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ်တွင် ဖေဖော်ဝါရီ ရရက်နေ့ ညနေ၆နာရီ အချိန်ဝန်းကျင်က ရှောက်ကျုံရှမ်း ကျေးရွာတစ်ဝိုက်လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျပ်သိန်းပေါင်း ၆၆၃၇၂၅၃၂၀ တန်ဖိုးရှိ  မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 ဖြစ်စဉ်မှာ ခန့်မှန်းမြေပုံညွှန်း အမ်ဂျီ-၄၈၂၃၇၅ ရှိ လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲအတွင်းမှ ဘိန်းဖြူမှုန့် ၃၂.၅ ကီလိုဂရမ်၊ ICE ၁.၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြားအမှုန့် ၁၁.၄ ဂရမ်၊ ဘိန်းကြမ်းမှုန့် ၁၄ ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဓာတု ဆေးရည်/ပစ္စည်းများ၊ လက်အိတ်များ၊ ဓာတ်ငွေ့ကာမျက်နှာဖုံးများ၊ ဖန်ပေါင်းချောင်များ၊ ဓာတ်ခွဲခန်းသုံးဖန်ပြွန်များ၊ ဂတ်(စ်)အိုးများ၊ မော်တာများအပါအဝင် စုစုပေါင်းပစ္စည်း ၃၄ မျိုး၊ တန်ဖိုးကျပ် ၆၆၃၇၂၅၃၂၀ ခန့်ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသည့် ကိစ္စနှင့်ပတ်သက်ပြီး ကုန်းကြမ်းမြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ခ)၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly