ONE: CLASH OF LEGENDS ကိုယ်ခံပညာပြိုင်ပွဲကြီး ကျင်းပရန် စီစဉ်

ONE: CLASH OF LEGENDS ကိုယ်ခံပညာပြိုင်ပွဲကြီး ကျင်းပရန် စီစဉ်

ONE Championship သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ဖေဖော်ဝါရီလ ၁၆ရက်နေ့၌ ကျင်းပမည့် ONE: CLASH OF LEGENDS ပြိုင်ပွဲကြီး၏ တွဲဆိုင်းများကို အတိအလင်းကြေညာလိိုက်ပြီဖြစ်သည်။ ထိုပြိုင်ပွဲကြီး၏ အဓိကပွဲဆိုင်းတွင် ကျော်ကြားသော ကိုယ်ခံပညာကစားသမားဖြစ်သူ Nong-O Gaiyanghadao သည် ONE Super Series မွေထိုင်းဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် Han Zi Hao နှင့် ယှဉ်ပြိုင်သွားမည်။

မကြာသေးခင်ကပင် တွဲဆိုင်းအားလုံးကို ကြေညာခဲ့ခြင်းဖြစ်သည်။ 

ONE: CLASH OF LEGENDS ဖေဖော်ဝါရီလ ၁၆ရက်၊ စနေနေ့။
 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Impact Arena ခန််းမ။

 အဓိကတွဲဆိုင်းများ

ONE Super Series မွေထိုင်း ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ပြိုင်ပွဲ Nong-O Gaiyanghadao နှင့် Han Zi Hao Kongsak P.K. Saenchaimuaythaigym နှင့် Alaverdi Ramazanov ONE Super Series မွေထိုင်း ၆၅.၈ ကီလိုတန်း Dae
 Hwan Kim နှင့် Shuya Kamikubo ကိုယ်ခံပညာသိုင်းပေါင်းစုံ ၆၅.၈ ကီလိိုတန်း Mark Abelardo နှင့် Daichi Takenaka ကိုယ်ခံပညာသိုင်းပေါင်းစုံ ၆၅.၈ ကီလိိုတန်း Shannon Wiratchai နှင့် Tae Kyun Kim ကိုယ်ခံပညာသိုင်းပေါင်းစုံ ၇၇.၁ ကီလိုတန်း Jo
 Nattawut နှင့် Samy Sana ONE Super Series မွေထိုင်း ၇၀.၃ ကီလိုတန်း Gina Iniong နှင့် Jihin Radzuan ကိုယ်ခံပညာသိုင်းပေါင်းစုံ ၅၂.၂ ကီလိုတန်း Superlek Kiatmoo9 နှင့် Lao Chetra ONE Super Series မွေထိုင်း ၆၁.၂ ကီလိုတန်း Chamuaktong Fightermuaythai နှင့် Charlie Peters ONE Super Series မွေထိုင်း ၆၇.၅ ကီလိုတန်း (ကတ််ချ် ဝိတ်တန်း) Emilio Urrutia နှင့် Yoshiki Nakahara ကိုယ်ခံပညာသိုင်းပေါင်းစုံ ၇၀.၃ ကီလိုတန်း Rika Ishige နှင့် Nou Srey Pov ကိုယ်ခံပညာသိုင်းပေါင်းစုံ ၅၂.၂ ကီလိုတန်း Elipitua Siregar နှင့် Liu Peng Shuai ကိုယ်ခံပညာသိုင်းပေါင်းစုံ ၅၆.၇ ကီလိုတန်း Nong-O သည် ထိုးနှက်တိုက်ခိုက်ရသော အားကစားသမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်းသည် မွေထိုင်းအားကစားပညာရပ်တွင် ပညာရည်အပြည့်ဝဆုံးသော ပြိုင်ပွဲဝင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

Nong-O သည် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲပေါင်း ၃၀၀ ကျော် ယှဉ်ပြိုင်ခဲ့ဖူးကာ ထိုင်းနိုင်ငံအမျိုးသားမွေထိုင်းချန်ပီယံဆု ၂ ခု၊ Lumpinee အားကစားခန်းမမှ ပေးအပ်သော ဝိတ်တန်းပေါင်းစုံ မွေထိုင်းကမ္ဘာ့ချန်ပီယံဆု ၄ ခု၊ Rajadamnern ခန်းမမှ ပေးအပ်သော မွေထိုင်းကမ္ဘာ့ချန်ပီယံဆု ၁ ခု အစရှိသည့်ဆုများကို ဆွတ်ခူးထားနိုင်သူဖြစ်သည်။

 ယင်း ချန်ပီယံဆုများကို ဆွတ်ခူးရရှိပြီးနောက် Nong-O သည် ယခုအခါ ၎င်း၏ အားကစားလောက၌ အမြင့်ဆုံးဆုတစ်ခုသော ချန်ပီယံဆုကို ရရှိရန်ကြိုးစားလျက်ရှိသည်။

 တရုတ်ကစားသမား Han Zi Hao သည် Nong-O နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို မွေထိုင်းတွင်သာ ရင်းနှီးမြှုပ်နှံရန် အခိုင်အမာဆုံးဖြတ်ထားကာ မွေထိုင်းယဉ်ကျေးမှုနှင့် ပိုမိုနီးစပ်စေရန် ဘန်ကောက်တွင် ပြောင်းရွေ့နေထိုင်လျက်ရှိသည်။ ယခုအခါ ၎င်းသည် ကျော်ကြားသော ကစားသမားကို အနိုင်ရယူကာ ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ခြေတစ်လှမ်းသာလိုတော့သည်။ Han သည် ဤပြိုင်ပွဲကြီးတွင် အနိုင်ရရှိပါလျှင် ထိုအောင်မြင်မှုသည် ၎င်းကစားသမားသက်တမ်းတစ်လျှောက်၏ အကြီးမားဆုံးအောင်မြင်မှု တစ်ခုဖြစ်လာမည်ဖြစ်သည်။

ONE သည် Nong-O နှင့် Han တို့ ယှဉ်ပြိုင်မည့် အဓိကတွဲဆိုင်းမတိိုင်မီ မွေထိုင်းကစားပွဲ ၄ ပွဲ ကျင်းပကာ ပရိသတ်များကို တင်ဆက်သွားမည်ဖြစ်သည်။ ဒုတိယအဓိကတွဲဆိုင်းအနေဖြင့် Kongsak P.K. Saenchaimuaythaigym နှင့် Alaverdi "Dagger"
 Ramazanov တို့က ထိုးသတ်ယှဉ်ပြိုင်သွားမည်။ ယင်း ဘန်တန်ဝိတ်တန်းကစားသမားများသည် ယခုပွဲစဉ်များမှ တစ်ဆင့် ONE ပြိုင်ပွဲကြီးမှ ခါးပတ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ ယခု ONE Super Series ပြိုင်ပွဲတွင် Kongsak သည် ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Kongsak သည် ပြိုင်ပွဲပေါင်း ၂၂၀ ယှဉ်ပြိုင်ခဲ့သော အတွေ့အကြုံရင့်သော ကစားသမားတစ်ဦးဖြစ်သည့်အပြင် Lumpinee အားကစားခန်းမမှ ပေးအပ်သော မွေထိုင်းကမ္ဘာ့ချန်ပီယံဆုကို ၃ ကြိမ်ရရှိခဲ့သူဖြစ်သည်။ Kongsak သည် ပရိသတ်များ ရင်းနှီးပြီးသားဖြစ်သော ပြိုင်ဘက်၏ သက်လုံနှင့် တိုက်ခိုက်မှုစွမ်းရည်ကိို ကျဆင်းစေပြီးမှ ထိုးစစ်ဆင်မည့်ဗျူဟာကို သုံးသွားမည်ဖြစ်သည်။ ၎င်းသည် အသက် ၂၈ နှစ်အရွယ်သာရှိသေးသော်လည်း ထိုးနှက်ကစားသော အားကစားရပ်တွင် အတွေ့အကြုံ အများအပြားရရှိထားသူဖြစ်သည်။ ၎င်းနှင့် ONE သည် ယခုပြိုင်ပွဲမှသည် ရှေ့လျှောက်ကာလရှည်ကြာစွာ လက်တွဲကာ အောင်မြင်မှုများကို ရယူနိုင်ရန် မျှော်လင့်လျက်ရှိသည်။

၎င်း၏  ပြိုင်ဘက် Ramazanov သည်လည်း တက်သစ်စ ကစားသမားတစ်ဦးပင်ဖြစ်သည်။ Ramazanov သည် IFMA ကမ္ဘာ့ချန််ပီယံဆုကို ၃ ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သလို ပြိုင်ပွဲမှတ်တမ်း (၅၉-၄)ကို အံ့အားသင့်ဖွယ်ရရှိခဲ့သူဖြစ်သည်။ ယခုပြိုင်ပွဲသည် ၎င်းအတွက် ONE Super Series ပွဲစဉ်များတွင် လေးကြိမ်မြောက်ပြိုင်ပွဲဖြစ်ကာ လက်ရှိတွင် ကစားပွဲမှတ်တမ်း (၂-၁) ရရှိထားသည်။  ပြီးခဲ့သော ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့သော ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီးတွင် ၎င်းသည် ပြိုင်ဘက်ဖြစ်သူ Super Saemapetch Fairtex ရှုံးနိမ့်ခဲ့ရသော်လည်း ပြန်လည်နိုးထလာနိုင်ခဲ့သည်။

 ONE: CLASH OF LEGENDS ပြိုင်ပွဲကြီးတွင် စီစဉ်ထားသော တွဲဆိုင်းများသည် နှစ်ဦးပိုင်းပြိုင်ပွဲများရှိ တွဲဆိုင်းများထဲမှ အကောင်းဆုံးတွဲဆိုင်းများဟု ဆိုနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly