အိန္ဒိယအရှေ့ပိုင်းမှာ ရထားလမ်းချော်တိမ်းမှောက်လို့ လူ ၇ ဦးထက်မနည်း သေဆုံး

အိန္ဒိယအရှေ့ပိုင်းမှာ ရထားလမ်းချော်တိမ်းမှောက်လို့ လူ ၇ ဦးထက်မနည်း သေဆုံး

ဖေဖော်ဝါရီ ၃ ။             ။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာ ပြည်နယ်မှာ ဖေဖော်ဝါရီ ၃ ရက်က ရထားတစ်စင်း လမ်းချော် တိမ်းမှောက်မှု ဖြစ်လို့ ခရီးသည် ခုနစ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ မီးရထားဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒ့ါအပြင် ယခုဖြစ်စဉ်မှာ လူပေါင်း ၂၀ ကျော်လောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

ဒေလီကို ဦးတည်ခုတ်မောင်းလာခဲ့တဲ့ ရထားတစ်စင်း ခုလို ဖြစ်စဉ်နဲ့ ကြုံကြိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Seemanchal အမြန်ရထားရဲ့ တွဲ ၁၁ တွဲဟာ Sahadai Buzrurg ရထားဘူတာရုံအနီးမှာ လမ်းချော်သွားခဲ့တာဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ နိုင်ငံမှာ ယခုနှစ်အတွင်း ပထမဆုံး ဖြစ်ပေါ်ခဲ့တဲ့ မီးရထား ဆိုင်ရာ မတော်တဆမှုလည်း ဖြစ်ပါတယ်။

ယမန်နှစ်တုန်းက မြန်နှုန်းမြင့် မောင်းနှင်ခဲ့တဲ့ ရထားတစ်စင်း နိုင်ငံမြောက်ပိုင်းက လူအုပ်ထဲ ဝင်တိုက်မှုဖြစ်ခဲ့လို အနည်းဆုံး လူ ၆၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly