ကယ်လီဖိုးနီးယားရှိ ကမ်းခြေပိတ်ဆို့ထားမှုကို ပင်လယ်ဖျံများ အခွင့်ကောင်းယူ

ကယ်လီဖိုးနီးယားရှိ ကမ်းခြေပိတ်ဆို့ထားမှုကို ပင်လယ်ဖျံများ အခွင့်ကောင်းယူ

ဖေဖော်ဝါရီ ၂ ။          ။ လတ်တလောမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိတဲ့ Drakes ပင်လယ်ကမ်းခြေမှာ ပင်လယ်ဖျံတွေ အုပ်စုလိုက် နေထိုင်ကျက်စားလျက်ရှိတယ်လို့ သိရပါတယ်။

Drakes ပင်လယ်ကမ်းခြေကို ပိတ်ထားခဲ့တာ ၃၅ ရက်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါပင်လယ်ဖျံတွေဟာ ကမ်းခြေပိတ်ဆို့ထားတာကို အခွင့်ကောင်းယူပြီး ကမ်းပေါ်ကို တက်လာကာ ကားပါကင်နားအထိပါ ဝင်ရောက်နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။

ကမ်းခြေတစ်လျှောက်မှာ အနားယူနေတဲ့၊ ဆော့ကစားနေတဲ့ ပင်လယ်ဖျံတွေကို တွေ့မြင်ရမှာဖြစ်ပြီး စုစုပေါင်း ဖျံအကောင်ရေ ၁၀၀ ခန့်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

"သူတို့တွေ ကမ်းပေါ်မှာအေးဆေးနေလို့ရပြီဆိုတော့ ခုလိုတက်လာကြတာပေါ့။ ကမ်းခြေလည်း ပိတ်ထားတော့ လူတွေလည်းမရှိဘူးလေ။ သူတို့ဒီမှာပဲ ဆက်နေမယ်ဆိုရင်တော့ ကမ်းခြေကို ပြန်ဖွင့်လို့မရသေးဘူး။"လို့ ဂျွန်ဒယ်လ်အော်ဆိုက ပြောပါတယ်။

အမေရိကန်အစိုးရ ယန္တရားရပ်တန့်ရေးကာလမှာ အဆိုပါ Drakes ပင်လယ်ကမ်းခြေကို ပိတ်ထားခဲ့တာဖြစ်ပြီး အဆိုပါယန္တရားရပ်တန့်ရေးကို ရုပ်သိမ်းလိုက်ပေမယ့် လက်ရှိအချိန်မှာတော့ ပင်လယ်ဖျံတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကြောင့် ပြန်လည်ဖွင့်လှစ်လို့ မရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly