အောက်တိုဘာ ၁ ရက် ။ ။ သြစတြေးလျနှင့် နယူးဇီလန်ဘဏ်အုပ်စု ANZ သည် မြန်မာနိုင်ငံ၌ ၂၀၁၅ ခု အောက်တိုဘာ ၂ နေ့တွင် ရုံးခွဲဖွင့်လှစ်တော့ မည်ဖြစ်သည်။
မြန်မာနိုင်ငံဗဟိုဘဏ်ထံမှ အပြီးသတ်အတည်ပြုချက်ကို ရရှိခဲ့ပြီဟု ANZ က စက်တင်ဘာ ၃၀ တွင် ထုတ်ပြန်သည်။
The Australia and New Zealand Banking Group Limited-ANZ အနေဖြင့် ၎င်း၏ ရုံးခွဲသစ်မှတစ်ဆင့် မြန်မာနိုင်ငံ အတွင်း လက်ရှိလည်ပတ်နေသော နိုင်ငံတကာကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများ အတွက်သာမက၊ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရန် နည်းလမ်းရှာဖွေနေသော နိုင်ငံတကာကုမ္ပဏီများအတွက်လည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။
သဘာဝအရင်းအမြစ်များ၊ လျှပ်စစ်နှင့် ရေဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေး၊ စားသုံးကုန်ကဏ္ဍများသာမက မြန်မာနိုင်ငံ၌ လုပ်ငန်းအမျိုးမျိုးတိုးချဲ့နေသော ကုမ္ပဏီများ အတွက်လည်း ANZ ရန်ကုန်ရုံးခွဲက ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်ဖြစ်သည်။
နိုင်ငံတကာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ANZ အမှုဆောင်အရာရှိချုပ် အန်ဒရူးဂတ်ဇီက "ဒီလိုင်စင်ခွင့်ပြုချက်ဟာ မကြာသေးမီက ထိုင်းနိုင်ငံမှာ ဘဏ်ရုံးခွဲဖွင့်လှစ်ပြီး တဲ့နောက်ပိုင်း မဟာမဲခေါင်ဒေသအတွင်း ANZ ဘဏ်ရဲ့ လုပ်ငန်း တိုးချဲ့မှုအတွက် အပြီးသတ်ခြေလှမ်းဖြစ်ပါတယ်။ နိုင်ငံတကာဝယ်လိုအားတွေအတွက် သဘာဝရင်းမြစ်၊ အခြေခံ အဆောက်အအုံနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ တိုးချဲ့လုပ်ကိုင်သွား ဖို့ရှိပါတယ်။" ဟု ပြောသည်။
၁၉၅၁ ခုတွင် စတင်ထူထောင်ခဲ့သည့် ANZ သည် သြစထြေးလျနိုင်ငံ၏ စတုတ္တမြောက် ဓနအင်အား အကြီးဆုံး ဘဏ် တစ်ခုဖြစ်သည်။ သြစထြေးလျနှင့် နယူးဇီလန်အပြင် အခြားနိုင်ငံ ၃၀ တွင်လည်း လုပ်ငန်းများဆောင်ရွက်နေသည်။