အမေရိကန် အအေးလွန်ကဲမှု လူ ၂၀ ကျော် သေဆုံး

အမေရိကန် အအေးလွန်ကဲမှု လူ ၂၀ ကျော် သေဆုံး

အမေရိကန်မှာတော့ စံချိန်တင် ရေခဲတမျှ အေးခဲတဲ့ ရာသီဥတုအောက်မှာ သန်းပေါင်းများစွာသော ပြည်သူတွေ အံတု ရင်ဆိုင်နေရလျက် ရှိပါတယ်။

အမေရိကန် အနောက်အလယ်ပိုင်းမှာတော့ အပူချိန်မှာ အနုတ် ၄၉ ဒီဂရီ ဆဲလ်စိယက်စ်ကို ရောက်နေခဲ့ပြီး ယင်း အအေးလွန်ကဲမှုအတွင်း သေဆုံးသူ ဦးရေ ၂၁ ဦးထက်မနည်း ရှိသွားပြီလို့ သိရပါတယ်။

အလွန်အေးတဲ့ ရာသီဥတုအောက်မှာတော့ အိမ်ယာမဲ့တွေနဲ့ သက်ကြီးတွေလိုမျိုးတွေက အဓိက ထိခိုက်ခံစားနေရလျက် ရှိပါတယ်။

Polar Vortex ခေါ် ဝင်ရိုးစွန်း အအေးလေပွေလှိုင်းဒဏ်ခံစားနေခဲ့ရပြီးနောက် ပြည်နယ် အများစုကနေ ရရှိတဲ့ စာရင်းတွေအရ သေဆုံးသူဦးရေ ဒါဇင်ကျော်ထိ ရှိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ချီကာဂိုမြို့ တစ်ခုတည်းမှာတင် အအေးလှိုင်းနဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် လူ ကိုးဦးထက်မနည်း သေဆုံးသွားခဲ့ပြီးနောက် ယခုလို သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး အအေးလွန်ကဲမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly