အာဂျင်တီးနားမြို့တော်မှာ လူမှုအသုံးစရိတ်တွေ မတိုးမြှင့်ရေး ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

အာဂျင်တီးနားမြို့တော်မှာ လူမှုအသုံးစရိတ်တွေ မတိုးမြှင့်ရေး ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဗျူနိုအေရိစ်၊ ဇန်နဝါရီ ၃၁ ။           ။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့တော်မှာ ဆက်စပ်ရာ အဖွဲ့အစည်းတွေက အင်အား ထောင်ပေါင်းများစွာဟာ ဗုဒ္ဓဟူးနေ့က ချီတက်ဆန္ဒပြမှုကြီးကို ဆင်နွှဲခဲ့ကြပါတယ်။

လူမှုအရေးပေါ်ကိစ္စရပ်များကို ဖြေရှင်းပေးရေးနဲ့ လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့နဲ့ အခြားသော ဝန်ဆောင်မှုတွေကို စျေးမမြှင့်တင်ရေး တောင်းဆိုကြလျက် ချီတက်ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။

“လျှပ်စစ်နဲ့ ဓာတ်ငွေ့စျေးတွေ မတရားတက်တာဟာ နှိပ်စက်ညှင်းပန်းတာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့တွေအနေနဲ့ ဒီလို လူမှုရေးအရေးပေါ်စရိတ်တွေကို မတိုးမြှင့်ဖို့ တောင်းဆိုရတာပဲ ဖြစ်ပါတယ်။”လို့ အလုပ်သမားပြည်သူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်သူ အီဒွါဒိုက အီးပီးအေသတင်းကို ပြောပါတယ်။

အခု ချီတက်ဆန္ဒပြမှုကို အိုဘီလက်အရပ်က စတင်ပြီး ဗျူနိုအေရိစ်မြို့တွင်းလမ်းတွေကို ဖြတ်လာကာ သမ္မတအိမ်တော်ရာ Casa Rosada အနီးက သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ဌာန ဝန်ကြီးရုံးတွေဆီ ချီတက်လာတာပဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မော်ရီစီယိုမာခရီအစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကြပြီး မြို့နဲ့ နိုင်ငံအနှံ့မှာ ရှိတဲ့ ဆင်းရဲချို့တဲ့တဲ့ နယ်မြေဒေသတွေ တိုးတက်ကောင်းမွန်လာရေးကို တောင်းဆိုခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly