နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက်စာမျက်နှာတွင် NLDပါတီ၏ Facebookမှာ Like အများဆုံးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ

နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက်စာမျက်နှာတွင် NLDပါတီ၏ Facebookမှာ Like အများဆုံးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ

ရန်ကုန်၊ဇန်နဝါရီ ၃၁ ။              ။ နိုင်ငံရေးပါတီများ၏  Facebook လူမှုကွန်ရက် အသုုံးပြုမှုဆုုိင်ရာ လေ့လာဆန်းစစ်ချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လူမှုကွန်ရက်စာမျက်နှာသည် Like အများဆုံးဖြင့် ထိပ်ဆုံးတွင် အပြတ်အသတ်ရပ်တည်နေကြောင်း Social Media Development Myanmar မှ ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ၏ Facebook လူမှုကွန်ရက်စာမျက်နှာများတွင် အမျိုးသားတိုးတက်ရေးပါတီ၏ Facebook စာမျက်နှာ ဒုုတိယနေရာတွင်ရှိနေပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွ့့ံဖြိုးရေးပါတီ  USDP ၏ လူမှုကွန်ရက် စာမျက်နှာသည် တတိယနေရာတွင် ရှိနေသည်။

 ထို့အပြင် ANP ၊ SNLD၊ SNDP နှင့် ALD ပါတီများ၏ Facebook လူမှုကွန်ရက်စာမျက်နှာများသည်လည်း Like အများဆုံးအနေဖြင့် အစဉ်အလိုက်ရှိနေကာ မကြာခင်က ဖွဲ့စည်းထားသည့် People's Party မှာလည်း Facebook စာမျက်နှာတွင်  Like အများဆုံးရရှိသည့် ၁၀ ပါတီစာရင်းထဲတွင် ပါဝင်နေသည်။

Facebook စာမျက်နှာတွင် Like အများဆုံးရရှိထားသည့် NLD ပါတီသည် ဖေ့ဘွတ်ခ်စာမျက်နှာတွင် ပါတီ လှုပ်ရှားမှုများကို ဖော်ပြမှုနည်းပါးနေပြီး ဇန်နဝါရီလအတွင်း ပို့စ် ၁၅ ခုခန့်သာ တင်ထားကြောင်း ထိုအထဲမှ ပို့စ် ၆ ခုသည် ဒီလှိုင်းစာစောင်နှင့် ပတ်သက်သည့် ပို့စ်များဖြစ်ကြောင်း သိရသည်။

တတိယ Like အများဆုံးရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီ USDP ၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာသည် တခြားနိုင်ငံရေး ပါတီများထက် ပိုမိုလှုပ်ရှားသက်ဝင်မှုရှိနေသည်ကို တွေ့ရပြီး  ဇန်နဝါရီလအတွင်း ပို့စ်ပေါင်း ၂၀၀ ကျော် ဖော်ပြထားသည်။

အဆိုပါ ပို့စ်များသည် ပါတီဥက္ကဋ္ဌ၏ လှုပ်ရှားမှုများ၊ ခရီးစဉ်များ၊ ပါတီအစည်းအဝေးများ၊ ပါတီဝင်သစ် လက်ခံ မှုများ၊ သင်တန်းပေးခြင်းများ၊ အလှူအတန်းပြုလုပ်ခြင်းများ၊ ပါတီဆုုိင်းဘုတ် ထောင်ခြင်းများ၊  လူထု တွေ့ဆုံပွဲများနှင့် သဝဏ်လွှာပေးပို့ခြင်း စသည့် အကြောင်းအရာများကို တင်ပြထားခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

People's Party သည် ဇန်နဝါရီလအတွင်း ပါတီဖွင့်ပွဲ အကြောင်းအရာကုုိ အများစုတင်ထားပြီး NLD၊ NDP နှင့် USDP ပါတီများသည် ဖေ့ဘွတ်ခ်ရဲ့ Blue Mark ရရှိထားကာ  Blue Mark မရထားသော တချို့ ပါတီ၏   Facebook လူမှုကွန်ရက်စာမျက်နှာသည် အတု ၊ အစစ် ခွဲခြားဆန်းစစ်ရခြင်းများရှိသကဲ့သို့ ရှာဖွေရန်လည်း အခက်အခဲရှိနေတတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီအများစုသည်  Facebook လူမှုကွန်ရက် စာမျက်နှာဖွင့်ထားခြင်းကို တွေ့ရ သော်လည်း အများစုမှာ Like ရာဂဏန်းနဲ့ ထောင်ဂဏန်းလောက်သာ ရှိထားပြီး ပါတီလှုပ်ရှားမှုတွေကို ဖော်ပြထားမှု အားနည်းနေကြောင်း သိရသည်။

 ႏိုင်ငံရေးပါတီများ၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက် အသုုံးပြုမှုဆိုင်ရာ လေ့လာဆန်းစစ်ချက်အရ USDP က Facebook လူမှုကွန်ရက်ကို သတင်းပြန်ကြားရေးပုံစံအနေဖြင့် ဖော်ပြနေခြင်းကို တွေ့ရှိရပြီး အခြားပါတီ အများစုုသည် Facebook လူမှုကွန်ရက်ကို သတင်းပြန်ကြားရေးနှင့် လူထု ဆက်ဆံရေးအတွက် အသုံးပြုမှု နည်းပါးနေကြောင်းကို လေ့လာတွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly