ကရာကတ်စ်၊ ဇန်နဝါရီ ၃၁ ။ ။ ဗင်နီဇွဲလားနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ ကင်းဝေးရေးနဲ့ သမ္မတ မာဒူရိုရဲ့ အာဏာမတရား ရယူထားတာ အဆုံးသတ်ရေးအတွက် နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြမှုငယ်ပေါင်း ၅၀၀၀ ကျော်ထက်မနည်း ဖြစ်ပွားကြောင််း ကိုယ်ကိုကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားသူ အတိုက်အခံကြီးစိုးရာ လွှတ်တော်ရဲ့ ဥက္ကဌဖြစ်တဲ့ ၀ိုင်းဂွါဒိုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
“နေရာပေါင်း ၅၀၀၀ ကျော်ထက်မနည်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားပါတယ်။ ဗင်နီဇွဲလားနိုင်ငံတစ်ဝန်းမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပဋိပက္ခပြဿနာတွေ အဆုံးသတ်ရေးသာမက အနာဂတ်အတွက်ပါ ဆန္ဒပြကြတာ ဖြစ်ပါတယ်။”လို့ ကရာကတ်စ်က ဆန္ဒပြပွဲတွေက တစ်ခုမှာ ဂွါဒိုက သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
နေ့လယ်ချိန်ကနေ ၂ နာရီကြားမှာ နိုင်ငံတစ်ဝန်း ပေါ်ပေါက်တဲ့ ဆန္ဒပြပွဲတွေမှာ လူအင်အား ဘယ်လောက်အထိ ရှိနိုင်ကြောင်းကို ကြားဖြတ််တသမ္မတ ဂွါဒိုက ပြောဆိုခြင်းတော့ မရှိပါဘူး။
ခုလို နေရာများစွာမှာ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာဟာလည်း ဂွါဒိုရဲ့ တနင်္ဂနွေနေ့က ဆော်သြတိုက်တွန်းချက်အရပဲ ဖြစ်ပါတယ်။ အတိုက်အခံတွေကို ထောက်ခံသူတွေအနေနဲ့ ငြိမ်းချမ်းစွာနဲ့ လမ်းတွေကို ပိတ်ဆို့ခြင်း မရှိဘဲ ဆန္ဒပြကြဖို့ ဂွါဒိုက ပြောဆိုတိုက်တွန်းခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂွါဒိုကို ဗင်နီဇွဲလားရဲ့ ကြားဖြတ်ခေါင်းဆောင်အဖြစ် အပြည့်အဝ ထောက်ခံကြောင်း ထပ်မံကြေညာပြောဆိုလာပါတယ်။
ပြဿနာ ဝိုင်းနေတဲ့ ရှိဆဲ သမ္မတ မာဒူရိုကတော့ အတိုက်အခံတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အသင့်ရှိကြောင်း ပြောပေမယ့် အီးယူနဲ့ အမေရိကန်တို့ တိုက်တွန်းနေတဲ့ သမ္မတ ရွေးကောက်ပွဲ ပြန််လည်ကျင်းပဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။