ဟိုပုံးမြို့တွင် တူမီးသေနတ်များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဟိုပုံးမြို့တွင် တူမီးသေနတ်များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ဇန်နဝါရီ ၃၀ ။             ။ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့တွင် ဇန်နဝါရီ ၂ရရက်နေ့တွင် ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းအုပ်စု၊ ဟွေလုံကျေးရွာတွင် ရှာဖွေစစ်ဆေးရာမှ တူမီး သေနတ်၂လက်နှင့်မူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဟိုးပုံမြို့၊ဟွေလုံကျေးရွာတွင်နေထိုင်သော အသက် (၅၆)နှစ်အရွယ် ဦးကျော်သိန်း(ခ)ဦးသိန်း ၏နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းနှင့်အတူ တစ်ရွာတည်းနေ ခွန်သန်းမောင်(ခ)မောင်ပေး ၁၈ နှစ်အားတွေ့ရှိပြီး အိပ်ခန်းခေါင်းရင်းမှ မဖြူရောင် ကော်ဘူးဖြင့်ထည့်ထားသည့် ဒေသကာလပေါက်စျေး ၇၆ဝဝဝ ကျပ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၆ ပြား ၊ ခွန်သန်းမောင်(ခ)မောင်ပေးလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် ဒေသကာလပေါက်စျေးကျပ် ၂ သိန်းတန်ဖိုးရှိ  စိတ်ကြွ အကြေမှုန့် ၂ဝ ဂရမ်အပြင် အိပ်ခန်းခြေရင်းဘက် ကြပ်ခိုးစင်ပေါ်မှ တူမီးသေနတ် ၂ လက်နှင့် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 အလားတူ အဆိုပါကျေးရွာနေ အသက်(၄၀)အရွယ် ခွန်သိန်းဟန်(ခ)မောင်လုံး ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ အိပ်ခန်းခေါင်းရင်းမှ မိုးကာစဖြင့်ထုပ်ထားသည့် ဒေသကာလပေါက်စျေး ကျပ် ၆ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၁ ကီလို နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ တူမီး သေနတ်များနှင့် စပ်လျဉ်း၍ ဟိုပုံးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကာ ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly