ယူအေအီးကို ၄-၀ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ် အာရှဖလားဗိုလ်လုပွဲကို တက်ရောက်တဲ့ ကာတာ

ယူအေအီးကို ၄-၀ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ် အာရှဖလားဗိုလ်လုပွဲကို တက်ရောက်တဲ့ ကာတာ
Photos: EPA

အင်္ဂါနေ့က ယှဉ်ပြိုင်ကစားခဲတဲ့ အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယနေ့ပွဲစဉ်မှာ ကာတာအသင်းဟာ ပင်လယ်ကွေ့အိမ်နီးချင်းပြိုင်ဘက် ယူအေအီးအသင်းကို ၄-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထဆုံးအကြိမ်အဖြစ် အာရှဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကာတာအသင်းဟာ ဒီပြိုင်ပွဲတစ်လျှောက် ကိုရီးယားအသင်း စံချိန်တင်းထားတဲ့ ၅ ပွဲဆက်ပေးဂိုးမရှိစံချိန်ကို ကျော်ဖြတ်ပြီး ၆ ပွဲဆက်ပေးဂိုးမရှိဆိုတဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကာတာအသင်းဟာ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၁၆ ဂိုးအထိလည်း သွင်းယူထားပါတယ်။

ဆီမီးဖိုင်နယ်ပွဲမှာတော့ ကာတာအသင်းမှ ခူခီနှင့် အလီတို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေက အိမ်ရှင် ယူအေအီးပရိသတ်တွေကို တိတ်ဆိတ်စေခဲ့ပြီး အယ်လ်ဟိုင်ဒေါ့စ်နဲ့ အစ္စမေးလ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေ မတိုင်မီ ယူအေအီးပရိသတ်တွေ အရှေ့မှာ သွားရောက်အောင်ပွဲခံခဲ့တဲ့ အလီကို ဒေါသထွက်နေတဲ့ပရိသတ်အချို့က ပလပ်စတစ်ပုလင်းတွေ၊ ဖိနပ်တွေနဲ့ ပစ်ပေါက်ခဲ့တာကို မြင်တွေ့ရပါတယ်။

"လွယ်ကူတဲ့ ပွဲတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ ကစားသမားတွေမှာ ဖိအားတွေ အများကြီးရှိနေတယ်ဆိုတာကို သတိထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ကောင်းကောင်းလေး ထိန်းနိုင်ခဲ့ပါတယ်။ ကျနော် သူတို့အတွက် အလွန်ဂုဏ်ယူပါတယ်။"လို့ ကာတာနည်းပြ ဖေလဇ် ဆန်းချက်ဇ်က ဝန်ခံပြောဆိုခဲ့ပါတယ်။

ယူအေအီးနည်းပြ အယ်လ်ဘာတို ဇက်ခါရိုနီက ပွဲအပြီးမှာ သူအနေနဲ့ ရာထူးမှ နုတ်ထွက်လိုက်ပြီကြောင်း အတည်ပြုခဲ့ပြီး အသင်းရှုံးနိမ့်မှုအတွက် ယူအေအီးပရိသတ်တွေကိုလည်း တောင်းပန်သွားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် အိမ်ရှင် ကာတာအသင်းဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာရှဖလား ၄ ကြိမ်ချန်ပီယံ ဂျပန်အသင်းနဲ့ ဗိုလ်လုပွဲ ကစားရတော့မှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly