ကုလသမဂ္ဂရုံးချုပ်တွင် ပထမဆုံးအဖြစ် ပါလက်စတိုင်းအလံလွှင်တင်

ကုလသမဂ္ဂရုံးချုပ်တွင် ပထမဆုံးအဖြစ် ပါလက်စတိုင်းအလံလွှင်တင်

အမေရိကန်နိုင်ငံ နယူးယောက်တွင်ရှိသော ကုလသမဂ္ဂရုံးချုပ်တွင် ပထမဆုံးအဖြစ် ပါလက်စတိုင်းအလံကို လွှင့်တင်ထားပြီဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်းအလံနှင့် ဗာတီကန်အလံတို့ လွှင့်တင်ခြင်းကို ခွင့်ပြုလိုက်ပြီးနောက် သီတင်းပတ်များအကြာတွင် ယခုကဲ့သို့ အလံလွှင့်တင် အခမ်းအနားကျင်းပ လာနိုင်ခြင်းဖြစ်သည်။

ကုလအထွေထွေညီလာခံ၏ ခွင့်ပြုသဘောတူညီချက်ကို အမေရိကန်နှင့် အခြားခြောက်နိုင်ငံနှင့်အတူ အစ္စရေးနိုင်ငံတို့က ကန့်ကွက်ဆန္ဒမဲပေးခဲ့သည်။

အလံတင်အခမ်းအနားသို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ သမ္မတဖြစ်သူ မာမွတ်အဘတ်စ် တက်ရောက်လာခဲ့သည်။ အစောပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း အဘတ်စ်က မိန့်ခွန်းပြောကြားခဲ့သည်။

၎င်း၏ မိန့်ခွန်းတွင် ပါလက်စတိုင်းနိုင်ငံတည်ရှိမှုအပေါ် မေးခွန်းထုတ်နေခြင်းသည် အကြောင်းယုတ္တိမတန်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အစ္စရေး - ပါလက်စတိုင်းပဋိပက္ခများက မြင့်တက်လာလျက်ရှိနေသည်။ အစ္စလာမ်တို့ အထွဋ်အမြတ်ထားရာ Al-Aqsa ဗလီကို အစ္စရေးတပ်ဖွဲ့များက ကျုးနင်းဝင်ရောက် သည်ဟု ပါလက်စတိုင်းနှင့် အာရပ်နိုင်ငံများက စွပ်စွဲအပြစ်ဆိုကြသည်။

Ref: eutonews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly