ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်တွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် ရှိနေသေးဟုဆို

ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်တွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် ရှိနေသေးဟုဆို

ဇန်နဝါရီ ၂၈ ။           ။ ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်တွင် နည်းပညာပိုင်းဆိုင်ရာပြည်စုံမှုလိုအပ်ချက် ရှိနေသေးသည့်အတွက် အချက်အလက်များကောက်ယူသည့်နေရာတွင် အလွဲအမှားအချို့ရှိနေသေးကြောင်း ကွန်ထရိုစင်တာ နည်းပ ညာပိုင်းဆိုင်ရာ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင် ဦးသန်းဝင်းကပြောသည်။

"ကွန်ထရိုးစင်တာကြီးရဲ့အသက်ကတော့ ဒေတာမှန်မှန်ကောက်ပေးရမှာပေါ့။ ဒေတာမှန်မှန်ကောက်ပေးမှသာ လျှင် ဒီဟာကို ကြည်ပြီးတော့ ဒီဇိုင်းတွေဆွဲရမယ်။ တည့်တည့်သွားတာကများနေတာလား၊ ဘယ်ကွေ့တာက များနေတာလား၊ ညာကွေ့တာများတာလား၊ ကောက်တော့ကောက်နိုင်တယ်။ ဒါပေမယ့် ဒီကကောက်ထားတဲ့ဒေ တာက သိပ်ပြီးမှန်ကန်မှုမရှိဘူးဆိုတဲ့ ပြဿနာပေါ့" ဟု ဦးသန်းဝင်းကပြောသည်။

ဒေတာကောက်ယူရာတွင် တပ်ဆင်ထားသည့် ကင်မရာများ ညံ့၌မဟုတ်ဘဲ ကင်မရာ၏နေရာထားပုံ၊ ကောက် ယူထားမှုအချက်အလက်နှင့် အပြင်တွင်အမှန်တကယ်ရှိသည့်အချက်အလက် ပြန်လည်တိုင်းတာစစ်ဆေးရ သည့် စနစ်တကျလုပ်ဆောင်ရသော အချက်တစ်ခု လိုအပ်သည့်အတွက် အလွဲအမှားအချို့ကြုံတွေ့ရကြောင်း ဦးသန်းဝင်း ကဆက်လက်ပြောသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းသည့် မြို့နယ် ၂၄ခုတွင် မီးပွိုင့် ၁၅၄ခု တပ်ထားကြောင်းသိရပြီး ယာဉ်ကြောကြပ်တည်းမှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အထောက်အကူပြုရန် ရန်ကုန်ဗဟိုမီးပွိုင့် ထိန်းချုပ်ရေးစင်တာကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မီးပွိုင့်၏ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန်အတွက် ကင်မရာ ၃၆၈ခုတပ်ဆင်ထားပြီး မီးနီဖြတ်ခြင်း၊ လမ်းကြောင်း ပြောင်းခွင့်မရှိသော မျဉ်းသေကို ဖြတ်၍ ယာဉ်လမ်းကြောင်းပြောင်းခြင်းနှင့် လမ်းပြောင်ပြန်မောင်းခြင်းများကို စောင့်ကြည့် ဖမ်းဆီးရန်အတွက် ကင်မရာ ၁၉၈ခုတပ်ဆင်ထားကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့အဝင်အထွက်တွင် ပွိုင့် ၂ဝခု သတ်မှတ်ပြီး ယာဉ်များ၏အခြေအနေကို စောင့်ကြည့်ခြင်း များ လုပ်ဆောင်နေကြောင်း ယာဉ်မရပ်ရနေရာများတွင် တရားမဝင်ယာဉ်ရပ်နားခြင်းများကို စောင့်ကြည့်နိုင်ရန် နေရာ ၃၀ တွင် ကင်မရာများတပ်ဆင်ထားကြောင်း သိရသည်။

ထို့အပြင် ၃၆၀ ဒီဂရီ စောင့်ကြည့်နိုင်သည့် ဒရုန်းကင်မရာများကိုလည်း ရန်ကုန်မြို့ နေရာ ၄ဝတွင် တပ်ဆင် ထားပြီး ယာဉ်ကြောကြပ်တည်းသည့်နေရာများကို ရှောင်ရှားသွားနိုင်ရန် Variable Message Sing (VMS) များတပ်ဆင်ထား ပြီး အဆိုပါ VMS များမှ အချက်အလက်များကို သိရှိနိုင်ရန် ကင်မရာ ၃ဝကိုတပ်ဆင်ထားကာ ရန်ကုန်မြို့တွင် စုစုပေါင်း စောင့်ကြည့် ကင်မရာ ၇၀၆ခုတပ်ဆင်ထားကြောင်းသိရသည်။

ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှ အချက်အလက်မှတ်တမ်းများကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရထံသို့ လစာတင်ပြနေပြီး လက်ရှိအချိန်တွင် အရည်အသွေးစစ်ဆေးရေးကာလအဖြစ် လုပ်ဆောင်နေသလို နည်းပညာ ပိုင်းပိုမိုတိုးတက်အောင် လုပ်ဆောင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly