ဆောင်းတွင်းကာလ ရေခဲနေတဲ့ ကန်တွေထဲ ရေဆင်းကူးကြတဲ့ တရုတ် သက်ကြီးရွယ်အိုများ

ဆောင်းတွင်းကာလ ရေခဲနေတဲ့ ကန်တွေထဲ ရေဆင်းကူးကြတဲ့ တရုတ် သက်ကြီးရွယ်အိုများ

ဇန်နဝါရီ ၂၅ ။           ။ တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာတော့ ဆောင်းတွင်းကာလ အပူချိန် ရေခဲမှတ်အောက် ရောက်နေတာကို ပမာမခန့်ပြုနေကြတဲ့ သက်ကြီးရွယ်အို ရေကူးသမားတွေ ရှိနေပါတယ်။

လက်ရှိ အအေးလွန်ကဲနေတဲ့ ရာသီဥတုအောက်မှာ တရုတ်ပြည်သူ တစ်ချို့ (သက်ကြီးပုဂ္ဂိုလ် အများစု) ကတော့ တစ်စိတ်တစ်ပိုင်း ရေခဲနေတဲ့ ရေကန်တွေထဲ ဒိုင်ဗင်ထိုး ရေဆင်းကူးနေကြပါတယ်။

အပူချိန် အနှုတ် ၁၀ ဒီဂရီ ဆဲလ်စိယက်စ် အောက်မှာ အံတုရင်း ၎င်းတို့တွေကတော့ ကန်ရေပြင်ထဲမှာ အေးအေးလူလူ ရေကူးကြပါတယ်။

ခုလိုမျိုး ရေခဲတမျှ အေးတဲ့ ရေပြင်ထဲ ခုန်ဆင်းရတာက ရေကူးဝါသနာရှင်တွေအတွက်ကတော့ အစဉ်အလာတစ်ခုလို ဖြစ်နေတယ်လို့လည်း သိရပါတယ်။

သက်ကြီးရွယ်အို ရေကူးသမားတွေကတော့ ခုလိုမျိုး ရာသီဥတုအောက်မှာ ရေကူးခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုနေကြလျက် ရှိပါတယ်။

အချက်အလက်တွေအရ မြို့တော်မှာပဲ ဆောင်းတွင်းကာလ ရေကူးသမား ၁,၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly