လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ပြီးစီးပါက နေ့စဉ်ရေဂါလံ သန်း၄၀ ပေးဝေနိုင်မည်

လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ပြီးစီးပါက နေ့စဉ်ရေဂါလံ သန်း၄၀ ပေးဝေနိုင်မည်

ဇန်နဝါရီ ၂၅ ။              ။ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းပြီးစီးပါက နေ့စဉ်ရေဂါလံ သန်း၄ဝကို ရန်ကုန်မြို့နေပြည်သူလူထုထံသို့ ပေးဝေ နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ရေနှင့် သန့်ရှင်းမှု) အင်ဂျင်နီယာဌာနမှ ဒုတိယဌာနမှူး ဦးမြင့်ဇော်သန်း ကပြောသည်။

"ကျွန်တော်တို့ စီမံကန်းအားလုံးပြီးမှာကတော့ ၂၀၂၂ခုနှစ် အောက်တိုဘာလဖြစ်ပါတယ်။ ဒီရေသန့်စင်စက်ရုံရဲ့ ပေးဝေနိုင်တဲ့ Capacity ကတော့ နေ့စဉ် ဂါလန် သန်း ၄၀ ဖြစ်ပါတယ်။ Target ဧရိယာကတော့ ကျွန်တော်တို့ ရေပေးဝေရေး ဇုန် ရနဲ့ ဇုန်၈၊ ဒဂုံမြို့သစ်လေးမြို့နယ် ဖြစ်ပါတယ်။ နောက် သီလဝါ SEZ တို့ကို ပေးဝေသွားမှာ ဖြစ်ပါတယ်" ဟု ဦးမြင့်ဇော်သန်း ကပြောသည်။

 လဂွန်ပြင်ရေပေးဝေရေးစီမံကိန်းသည် လဂွန်ပြင်ဆည်၏ ၃၆မိုင်ခန့်အကွာရှိ လှည်းကူးနှင့် ပဲခူးမြို့နယ်စပ်တွင် တည်ရှိပြီး ၂၀၁၃ခုနှစ် မေ ၅ရက်တွင် စီမံကိန်းစတင်ခဲ့ကာ ဂျပန်နိုင်ငံ JICA နှင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ ရေပေးဝေမှုကို အနာဂတ်ကာလတွင် ဇုန်များခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် တိုးတက်လာသည့် လူဦးရေနှင့်အတူ JICA နှင့် YCDC ပူးပေါင်း ရေးဆွဲထားသည့် Master Plan အရ ၂၀၄၀ ခုနှစ်တွင် နေ့စဉ်ရေဂါလံ ၅၂၅ သန်းပမာဏခန့် ပေးဝေရမည် ဖြစ်ကြောင်း သိရသည်။

 "ရန်ကုန်မြို့ရဲ့ လူဦးရေဟာ မြို့တော်ဝန်ကြီးပြောသလိုပါပဲ တစ်နိုင်လုံးရဲ့လူဦးရေတိုးတက်မှုနှုန်းဟာ ၁.၁ရာ ခိုင်နှုန်း ရှိနေတဲ့အချိန်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေတိုးနှုန်းက တစ်နှစ်ကို ၂.၆ရာခိုင်နှုန်းကျော်ပါတယ်။ ဒါကကျွန်မ တို့ဆီမှာ သဘာဝအတိုင်း တိုးတဲ့အတိုးနှုန်းမဟုတ်ဘဲ ကျွန်မတို့ဆီကို ရွေ့ပြောင်းရောက်ရှိလာတဲ့ လူတွေကြောင့် ဖြစ်တာဖြစ်တာဖြစ်တဲ့အတွက် အဲဒါကိုထည့်တွက်ပြီး ကျွန်မတို့ဘက်က ပြုပြင် ပြောင်းလဲမှုတွေ လုပ်လေ Migration ပိုများလေဆိုတဲ့ အနေအထားကိုပါထည့်တွက်ပြီး ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ၂၀၄၀ လောက်မှာတောင် ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေဧရိယာရဲ့ ၈ဝရာခိုင်နှုန်း Coverage ရဖို့ကြိုးစားနေရတဲ့ အဆင့် ဘဲရှိပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ကပြောသည်။

 ထို့အပြင် ရေအရင်းအမြစ်အသစ်များရရှိရန်အတွက် ကုက္ကိုဝ၊ ပန်းလှိုင်မြစ်၊ တိုးမြစ်များကို ထပ်မံရွေးချယ်ပြီး စီမံကိန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly