သြစတြေးလျတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် ဗြိတိသျှကပ္ပတိန်၏ အလောင်းအား လန်ဒန်တွင် တူးဖော်ရရှိ

သြစတြေးလျတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် ဗြိတိသျှကပ္ပတိန်၏ အလောင်းအား လန်ဒန်တွင် တူးဖော်ရရှိ

ဇန်နဝါရီ ၂၅ ။            ။ သြစတြေးလျတိုက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိသျှတော်ဝင်ရေတပ် ကပ္ပတိန် Matthew Flinders ကိုမြုပ်နှံထားခဲ့တဲ့ နေရာကို ရှာတွေ့ပြီဖြစ်ကြောင်း လန်ဒန်အာဏာပိုင်တွေက ယနေ့မနက်မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကပ္ပတိန် Matthew Flinders ရဲ့အခေါင်းကို လန်ဒန်မြို့၊ အူစတန်ဘူတာရုံနားက သချင်္ိုင်းမြေမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းကို ဇူလိုင်လ ၂၃ ရက်၊ ၁၈၁၄ ခုနှစ်မှာ မြုပ်နှံခဲ့တာဖြစ်ပါတယ်။

Matthew Flinders ဟာ သြစတြေးလျတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပြီး ၎င်းတွေ့ရှိခဲ့တဲ့နေရာကို သြစတြေးလျတိုက်အဖြစ် ၁၈၀၂-၁၈၀၃ ခုနှစ်မှာ နယ်နမိတ်သတ်မှတ်ကာ မြေပုံထဲ ထည့်ဆွဲခဲ့တာဖြစ်ပါတယ်။

မြန်နှုန်းမြင့်ရထားလမ်းအသစ်တည်ဆောက်ဖို့အတွက် သချင်္ိုင်းမြေကို ဖြိုရာမှ ယခုလို ကံကောင်းထောက်မစွာနဲ့ Matthew Flinders ရဲ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင် Helen Wass ကပြောပါတယ်။

“Flinders ရဲ့အရိုးစုကို လေ့လာလို့ရပြီ။ အဲ့ဒီကနေ အချက်အလက်တွေ ထပ်စုလို့ရနိုင်တယ်။”လို့ Helen Wass ကဆက်ပြောပါတယ်။

သြစတြေးလျလူမျိုးတွေဟာ ၎င်းတို့ရဲ့ သူရဲကောင်းဖြစ်တဲ့ Matthew Flinders ကိုအစွဲပြုပြီး ဘူတာရုံ၊ လမ်း၊ မြို့နာမည်တွေမှာ Flinders ရဲ့နာမည်ထည့်သုံးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly