အီကွေဒေါကျွန်းပေါ်တွင် သောင်းကျန်းနေသည့် ကြွက်များအား ဒရုန်းယာဉ်ပျံဖြင့် နှိမ်နင်း

အီကွေဒေါကျွန်းပေါ်တွင် သောင်းကျန်းနေသည့် ကြွက်များအား ဒရုန်းယာဉ်ပျံဖြင့် နှိမ်နင်း

ဇန်နဝါရီ ၂၅ ။            ။ အီကွေဒေါနိုင်ငံမှာတည်ရှိတဲ့ Galapagos ကျွန်းစုပေါ်မှာ သောင်းကျန်းနေတဲ့ ကြွက်တွေကို နှိမ်နင်းဖို့ အီကွေဒေါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဟာ ဒရုန်းယာဉ်ပျံတွေကို အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းတို့ဟာ ဒရုန်းယာဉ်ပျံတွေကို အသုံးပြုပြီး အဆိပ်ဆေးလုံးတွေကို ကျွန်းပေါ်မှာ ဖြန့်ကြဲချလိုက်တာဖြစ်ပါတယ်။

၃၀၀၀ ကီလိုဂရမ် (ပေါင် ၆၆၀၀ ကျော်)ရှိတဲ့ အဆိပ်ဆေးလုံးတွေကို ဒရုန်းယာဉ်ပျံတွေနဲ့ ဖြန့်ကြဲလိုက်တာဖြစ်ပြီး ကျန်တဲ့ အဆိပ်ဆေးလုံးတွေကိုတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့သားတွေက ကျွန်းပေါ်မှာ လိုက်လံဖြန့်ကြဲခဲ့ကြတာဖြစ်ပါတယ်။

အမဲရောင်ကြွက်နဲ့ နော်ဝေးကြွက်တွေဟာ ဌက်ဥတွေနဲ့ ကျွန်းပေါ်က အပင်တွေကို လိုက်လံစားသောက်နေတဲ့အတွက် အဆိုပါကြွက်နှစ်မျိုးကိုပဲ အဆိပ်ခတ်သတ်တာဖြစ်တယ်လို့ သိရပါတယ်။

စင်ရော်ဌက်တွေနဲ့ ပင်လယ်ဖျံတွေ၊ လိပ်ကြီးတွေသာ နေထိုင်တဲ့ အဆိုပါ Galapagos ကျွန်းစုပေါ်မှာ ကြွက်တွေရှိနေတာဟာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရာရောက်တဲ့အတွက် ယခုလိုသုတ်သင်ရှင်းလင်းရတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

Galapagos ကျွန်းစုကြီးဟာ ကမ္ဘာ့အနုနယ်ဆုံး၊ ပျက်စီးဖို့အလွယ်ဆုံးဖြစ်တဲ့ ကျွန်းတွေထဲမှာ ပါဝင်သလို ၁၉၇၈ ခုနှစ်ကတည်းက ကမ္ဘာ့ရှားပါးသက်ရှိတွေနေထိုင်တဲ့ ကျွန်းတစ်ကျွန်းအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly