အမေရိကန်အစိုးရယန္တရား ရပ်တန့်မှု အဆုံးသတ်စေမယ့် အဆိုပြုချက်တွေ ဆိနိတ်မှာ ပယ်ချခံရ

အမေရိကန်အစိုးရယန္တရား ရပ်တန့်မှု အဆုံးသတ်စေမယ့် အဆိုပြုချက်တွေ ဆိနိတ်မှာ ပယ်ချခံရ

ဇန်နဝါရီ ၂၅ ။              ။ အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းဌာနတစ်ချို့ ရပ်ဆိုင်းထားရမှုကို ပြေလည်သွားစေဖို့ ကြိုးပမ်းနေလျက်ရှိပေမယ့် လက်ရှိအချိန်ထိတော့ အောင်မြင်ခြင်း မရှိသေးပါဘူး။

ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်တုန်းက သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံထားတဲ့ အစိုးရယန္တရား ရပ်ဆိုင်းမှု အဆုံးသတ်စေမယ့် အဆိုပြုချက် နှစ်ရပ်ကို ဆိနိတ် လွှတ်တော်ကို တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ရပ်ဆိုင်းထားတဲ့ ဖက်ဒရယ် အေဂျင်စီတွေ ပြန်စနိုင်ဖို့နဲ့ နယ်စပ်တံတိုင်း ကာရံရေး ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ အသုံးစရိတ်ရရှိရေး အဆိုပြုချက် နှစ်ရပ် ဆိနိတ်မှာ ပယ်ချလိုက်တာဖြစ်ပါတယ်။

ယင်း အဆိုပြုချက် နှစ်ရပ်ကတော့ အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၀ ရရင် အတည်ပြုနိုင်မှာ ဖြစ်ပေမယ့် လုံလောက်တဲ့ မဲအရေအတွက်မရဘဲ ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် နိုင်ငံမှာ စံချိန်တင် ကြာမြင့်နေတဲ့ အစိုးရလုပ်ငန်းတစ်ချို့ ရပ်ဆိုင်းနေမှုနဲ့ပတ်သက်လို့ ယခုထက်ထိ ဖြေရှင်းနိုင်ဖို့ လမ်းမမြင်သေးဘဲ ဖြစ်နေလျက် ရှိပါတယ်။

ယင်းနိုင်ငံမှာ အစိုးရလုပ်ငန်းတစ်ချို့ ပိတ်သိမ်းထားရတာ ယနေ့ ဆိုရင် ၃၅ ရက်ထိ ရောက်လာခဲ့ပြီ ဖြစ်သလို နိုင်ငံတစ်ဝှမ်းက ထောင်သောင်းချီတဲ့ အစိုးရဝန်ထမ်းတွေဟာလည်း လစာ မရရှိဘဲ ဖြစ်နေလျက် ရှိကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly