ထိုင်းရွေးကောက်ပွဲ မတ်လ ၂၄ ရက်မှာ ကျင်းပမယ်

ထိုင်းရွေးကောက်ပွဲ မတ်လ ၂၄ ရက်မှာ ကျင်းပမယ်

ဇန်နဝါရီ ၂၃ ။             ။ ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို လာမယ့် မတ်လ ၂၄ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၂၃ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။

ဒါဟာ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝါထရာ အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၁၄ အာဏာသိမ်းမှု နောက်ပိုင်း ယင်းနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

" မတ်လ ၂၄ က ရွေးကောက်ပွဲနေ့ ဖြစ်ပါတယ်" ဆိုပြီး ထိုင်းရွေးကောက်ပွဲ ကော်မရှင်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါဟာ နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပရေး ထိုင်းဘုရင်ထံကနေ တော်ဝင်အမိန့်တစ်ရပ် ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ ခုလို ထိုင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ထွက်ရှိလာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly