အဆောက်အဦပါမစ်ချပေးသည့်စနစ် အွန်လိုင်းအက်ပလီကေးရှင်းကို ၂၀၁၉ နှစ်လယ်ပိုင်းတွင် မိတ်ဆက်နိုင်ရန် စီစဉ်နေ

အဆောက်အဦပါမစ်ချပေးသည့်စနစ် အွန်လိုင်းအက်ပလီကေးရှင်းကို ၂၀၁၉ နှစ်လယ်ပိုင်းတွင် မိတ်ဆက်နိုင်ရန် စီစဉ်နေ

ဇန်နဝါရီ ၂၃ ။            ။ အဆောက်အဦပါမစ်ချပေးသည့်စနစ် (Building Construction Permitting System) အွန်လိုင်းအက်ပလီ ကေးရှင်းကို ၂၀၁၉ နှစ်လယ်ပိုင်းတွင် စတင်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ကပြောသည်။

"ကျွန်မတို့ Building Construction Permitting System နဲ့ပတ်သတ်ပြီးတော့ တကယ်အွန်လိုင်းကို သွားနေခဲ့ ပါတယ်။ အဲဒီအွန်လိုင်းဟာစစ်တဲ့အချိန်အထိ တကယ်အွန်လိုင်းမဟုတ်ဘူးပေါ့နော်။ နောက်မြေယာစီမံခန့်ခွဲမှုနဲ့ ပတ်သတ်ပြီး အွန်လိုင်းဆောင်ရွက်နေတာတွေရှိပါတယ်။ အဲလိုအနေအထားမှာ အခုကတော့ စစ်တဲ့အခြေအ နေအထိ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတာတောင်မှ အွန်လိုင်းဆက်ဆံလို့ရတဲ့ အဆင့်ထိရောက်အောင် ကျွန်မတို့ Develop လုပ်နေပါတယ်။ အဲလိုလုပ်တဲ့အချိန်မှာ ကျွန်မတို့ System ကြီးတစ်ခုလုံး ပြန်ပြောင်းပြီး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အဲဒီ Building Permitting System နဲ့ ပတ်သက်တဲ့ အွန်လိုင်းအက်ပလီ ကေးရှင်းကတော့ ဒီ ၂၀၁၉ နှစ်လယ်လောက်မှာ စတင်ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းထားပါတယ်" ဟု ဒေါ်လှိုင်မော်ဦး ကပြောသည်။

ထို့အပြင် ပြည်တွင်း၌ မိုဘိုင်းအက်ပလီကေးရှင်းများ အသုံးပြုမှုများပြားလာခြင်းကြောင့် အဆောက်အဦ ပါမစ်ချပေးသည့်စနစ် အက်ပလီကေးရှင်းကို ပြည်တွင်းရှိ Mobile Banking များနှင့်ပါ ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အက်ပလီကေးရှင်းအတွက် နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်းလုပ်ဆောင်နေ ပြီး ၂၀၁၉နှစ်လယ်ပိုင်းတွင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာရေးအဖွဲ့များ၏ ကောင်းမွန်သောအလေ့အထများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်မှ ၂၅ရက်အထိ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ကျင်းပပြုလုပ်နေပြီး အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ် နှင့် တိုင်း ၁၄ခုမှ စည်ပင်သာယာရေးဝန်ကြီးများ၊ စည်ပင်သာယာရေးညွှန်ကြားရေးမှူးများ၊ မြို့နယ်စည်ပင်သာ ယာရေး အမှုဆောင်အရာရှိများ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"ဒီနေ့အလုပ်ရုံဆွေးနွေးပွဲကနေ ရန်ကုန်ရဲ့ပြုပြင်ပြောင်းလဲမှု မြန်မာတစ်နိုင်ငံလုံးရဲ့ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကျွန် တော်တို့ မြို့ပြတွေရဲ့ဖွ့ံဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာကော်မတီတွေရဲ့စွမ်းဆောင်ရည်မြင့်မားမှု၊ စည် ပင်သာယာဝန်ကြီးဌာနအသီးသီးရဲ့ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွ့ံဖြိုးတိုးတက်ရေးကို ကြိုး ပမ်းရမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

အဆိုပါအက်ပလီကေးရှင်းကို စတင်နိုင်ရန်အတွက် လက်ရှိတွင် စည်ပင်သာယာ၏ ဌာနအတွင်း စမ်းသပ် အသုံးပြုနေပြီဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required