ပြင်သစ်မှာ နှင်းများ ထူထပ်စွာ ကျဆင်းမှု သတိပေးချက် ထုတ်

ပြင်သစ်မှာ နှင်းများ ထူထပ်စွာ ကျဆင်းမှု သတိပေးချက် ထုတ်

ဇန်နဝါရီ ၂၃ ။             ။ ပြင်သစ်နိုင်ငံတွင်းက ဒေသ အတော်များများမှာ လက်ရှိမှာ နှင်းများ ကျဆင်းနေမှုက အန္တရာယ်ရှိတဲ့ လယ်ဗယ်တွေအထိ ရောက်နိုင်တယ်ဆိုပြီး နိုင်ငံရဲ့ အမျိုးသား ရာသီဥတု အေဂျင်စီ Meteo France က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်သတိပေးထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ပြည်သူတွေကိုလည်း နှင်းကျပြီး ရာသီဥတု အေးနေစဉ်ကာလအတွင်း အပြင်ထွက် အသွားအလာ လျှော့ချကြဖို့ တိုက်တွန်းသွားပါသေးတယ်။

Meteo France ကတော့ ယခုလို နှင်းကျမှုအတွက် ဒုတိယ အမြင့်ဆုံး သတိပေးချက် လယ်ဗယ်ဖြစ်တဲ့ လိမ္မော်ရောင် သတိပေးချက်ကို ထုတ်ထားတာဖြစ်ပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်ကတော့ ပြင်သစ်မြို့တော် ပါရီမှာ နှင်းများ ကျဆင်းနေခြင်းကြောင့် အထင်ကရ အီဖယ် မျှော်စင်ကိုလည်း ပိတ်ထားခဲ့ရပါသေးတယ်။

အလားတူ ပါရီမြို့အနီးက အဓိက လမ်းမကြီးတစ်ခု ဆိုရင်လည်း နှင်းကျမှုကြောင့် ယာဉ်အသွားအလာ ပိတ်ထားခဲ့ရသေးကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly