အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲ ကျင်းပရေး အတည်ပြုအမိန့် ထိုင်းဘုရင် လက်မှတ်ထိုး

အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲ ကျင်းပရေး အတည်ပြုအမိန့် ထိုင်းဘုရင် လက်မှတ်ထိုး

ဇန်နဝါရီ ၂၃  ။            ။ နိုင်ငံမှာ ၂၀၁၄ အာဏာသိမ်းပြီးနောက် ပထမဆုံးသော အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရေးဆိုင်ရာ တော်ဝင် အမိန့်ဒီကရီတစ်ရပ်ကို ထိုင်းဘုရင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ကြောင်း ဘုရင့်နန်းတော်က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကာလကြာ နှောင့်နှေးနေခဲ့တဲ့ အဆိုပါ ထိုင်းရွေးကောက်ပွဲနေ့ ကျင်းပမယ့် ရက်အတိအကျကိုလည်း များမကြာမီ ထုတ်ပြန်လာဖွယ် ရှိနေပါတယ်။

ယခု ထုတ်ပြန်လိုက်တဲ့ ဘုရင့် အမိန့်ဒီကရီထဲမှာတော့ ပါလီမန် အမတ်နေရာတွေအတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ပြောကြားထားပြီး မဲပေးရမယ့်ရက် ကြေညာဖို့ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ကို အချိန်ငါးရက် ပေးကြောင်း ပြောထားပါတယ်။

ယခု ကျင်းပသွားမယ့် ရွေးကောက်ပွဲကတော့ ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးနှစ်အကြာလောက်က ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝါထရာ အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ယင်းရွေးကောက်ပွဲကို ဖေဖော်ဝါရီလထက် နောက်မကျဘဲ ကျင်းပမယ်လို့ ထိုင်းစစ်အစိုးရက ပြောထားခဲ့တယ်ဆိုပေမယ့် ယခု သက်တော် ၆၆ နှစ်အရွယ် ဘုရင် မဟာ ၀ိဇယ လောင်ကျွန်းရဲ့ အမိန့်အရ ယင်းရွေးကောက်ပွဲတွေကို ယင်းထက် သီတင်းပတ်အများအပြား နောက်ဆုတ်ကျင်းပဖွယ်လည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly