ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဒုံးခွင်းဒုံးကို အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းစမ်းသပ်

ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဒုံးခွင်းဒုံးကို အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းစမ်းသပ်
Photo: AFP

ဂျေရုဆလင်၊ ဇန်နဝါရီ ၂၃ ။       ။ အစ္စရေးလေတပ်စခန်းတွေမှာ ဖြန့်ကြက်ထားတဲ့ ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဒုံးခွင်းဒုံးကို အစ္စရေးနဲ့ အမေရိကန်တို့ဟာ အောင်မြင်စွာ ပူးပေါင်းစမ်းသပ်နိုင်ခဲ့ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

ဆီးရီးယားမှာ စစ်ဆင်ရေး  အီရန်တပ်တွေနဲ့ အစ္စရေးတို့ကြား အသေအဆုံးများတဲ့ အပြန်အလှန် တိုက်ပွဲတစ်ရပ်ဖြစ်ပွားပြီး နောက်တစ်နေ့မှာပဲ ခုလို စမ်းသပ်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့လေထုအပေါ်မှာ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချဖို့ ဒီဇိုင်းတည်ဆောက်ထားတဲ့ ဒီပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ် Arrow 3 ကို အစ္စရေး လေတပ်စခန်းတွေမှာ လွန်ခဲ့တဲ့ နှှစ်နှစ်ကတည်းက ဖြန့်ကြက်ထားတာ ဖြစ်ပါတယ်။

ဒီစနစ်ရဲ့ ရေဒါစနစ်ဟာ စမ်းသပ်ဖို့အတွက် အစ္စရေးအလယ်ပိုင်းကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ပစ်မှတ်ထား ထောက်လှမ်းနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

“အတိမ်းအစောင်းမရှိဘဲ Arrow 3 ကြားဖြတ်ဒုံးခွင်းဒုံးဟာ ပစ်မှတ်ဆီ ချိန်ရွယ်ပစ်ခတ်နိုင်ပြီး မစ်ရှင််တစ်ခုလုံးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင််ခဲ့တာ ဖြစ်ပါတယ်။”လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Arrow 3 ဟာ ပစ်လွှတ်လာတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ကမ္ဘာလေထုထဲ မရောက်ခင် အာကာသအတွင်းမှာပဲ ပစ်ချမယ့် အစ္စရေးရဲ့ ဝေဟင်အမြင့် ဒုံးကျည်ကြားဖြတ်စနစ်အနေနဲ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly